Friday, April 24, 2015

ထိုင်းနိုင်ငံရှိ ကမ္ဘာကျော် ကျားဘုရားကျောင်းရှိ ကျားကောင်ရေ ၁၄၀ ကျော်ကို အစိုးရသို့ လွှဲပြောင်းပေးရန် အမိန့်ထုတ်









ထိုင်းနိုင်ငံ ကန်ချနာဘူရီရှိ ထင်ရှားကျော်ကြားသော ကျားဘုရားကျောင်းအတွင်းရှိ ကျား ၁၄၇ ကောင် ကို သောကြာနေ့ နောက်ဆုံးထား၍ ဖယ်ရှားပေးရန် အာဏာပိုင်များက သတိပေးထားသည်။ ကျား ဘုရားကျောင်း ဘုန်းတော်ကြီးကမူ ထိုကျားများနှင့် ဘုရားကျောင်းတွင် ထိန်းသိမ်းထားသော အခြား တိရစ္ဆာန်များအား ဖယ်ရှားခိုင်းသည့် အစီအစဉ်ကို ဆန့်ကျင်လျက်ရှိသည်။

ကျားဘုရားကျောင်းဟု လူသိများသည့် ၀တ်ပါလွမ်တာဘာယာနာဆမ် ပန်နိုဘုရားကျောင်းရှိ ကျားများကို အမျိုးသားဥယျာဉ်၊ သားရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ထိန်းသိမ်းရေးဌာနသို့ လွှဲပြောင်းပေးရန် ဌာနမှူး နီပွန်ချို တီဗာန် က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘုရားကျောင်းအနေဖြင့် ကျားများကို ဌာနထံလွှဲပြောင်းပေးခြင်းမပြု ပါက အတင်းအကျပ် ဖမ်းဆီးယူဆောင်ခြင်း ခံရနိုင်သည်ဟု ချိုတီဘန်က ပြောကြားခဲ့သည်။

သားရဲတိရစ္ဆာန်များကို ထိန်းသိမ်းရန် ဌာနတွင်သာ လုပ်ပိုင်ခွင့်ရှိ ပြီး ဘုရားကျောင်းတွင် သားရဲများ မွေးမြူရန် လုပ်ပိုင်ခွင့်မရှိဟု ၎င်းကဆိုသည်။

သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာနသည် လုပ်ခဲ့သည့် ဆယ်စုနှစ်က ထို ဘုရားကျောင်းရှိ ကျား ၁၀ ကောင် ကို ဖမ်းဆီးဖယ်ရှားမည် ဟု ကြေညာ ခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် ထိုကျားများကို ထိန်းသိမ်းရန် ဘုရားကျောင်းကိုသာ ပြန်လည်အကူအညီတောင်းခံခဲ့သည်။ ထိုစဉ်က အာဏာပိုင်များက အဘယ်ကြောင့် ဘုရားကျောင်းကိုသာ ထိန်းသိမ်းစေ ခဲ့ကြောင်း မသိရှိခဲ့ဟု ချိုတီဘန်က ဆိုသည်။

ဘုရားကျောင်းရှိ ကျောင်းအရေအတွက်မှာ ၁၀ ကောင်မှ ၁၄၇ ကောင် အထိ တိုးပွားလာပြီး ထိန်း သိမ်းစောင့်ရှောက်ခွင့်လည်း မရှိသဖြင့် ဌာနက လွှဲပြောင်းသိမ်းယူလိုခြင်းဖြစ်သည်ဟု ဆိုသည်။

ကျားဘုရားကျောင်းသည် တိရစ္ဆာန်မှောင်ခိုများနှင့် ချိတ်ဆက်မှုရှိနေပြီး ထိန်းသိမ်းထားသည့် တိရစ္ဆာန်များ ကို ကောင်းမွန် စွာ ပြုစုစောင့်ရှောက်ခြင်း မရှိဟု တိုင်ကြားမှုများ ပေါ်ပေါက် ခဲ့သဖြင့် ဖေဖော်ဝါရီတွင် နီပွန်ချိုတီဘန်က ၎င်း၏ ဌာနမှ ၀န်ထမ်း များ စေလွှတ်၍ စစ်ဆေးစေခဲ့သည်။

ထိုစစ်ဆေးမှု၏ ရလဒ်ကို ထုတ်ပြန်ခြင်းမပြုသေးပေ။ကျားဘုရားကျောင်းမှ ကျားများကို ဖမ်းဆီးယူဆောင် ပြီးပါက ချွန်ဘန်ခရိုင်ရှိ ချောက်ဖရာသပ်ချန် သားရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးစင်တာနှင့် ရတ်ချာ ဘူရီ ရှိ ချောက်ဆွန်သားရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးစင်တာများသို့ လွှဲပြောင်း ပို့ဆောင်ရန် စီစဉ်ထားသည်ဟု နီပွန်ချိုတီဘန်က ဆိုသည်။

ဌာနမှူးဟောင်း ဒမ်ရောင်းပီဒက် လက်ထက်ကလည်း ထိုကျားများကို ထိန်းသိမ်းရေးစင်တာများသို့ လွှဲပြောင်းရန် ကြိုးစာခဲ့သော်လည်း ဘုရားကျောင်း၏ ပြင်းပြင်းထန်ထန်ကန့်ကွက်မှုကြောင့် မအောင်မြင် ခဲ့ပေ။

KHTun
The Ladies News Journal

No comments:

Post a Comment

My Blog List