Wednesday, April 22, 2015

သစ္စာတိုင် တောင်းပန် ဖြေရှင်းခြင်း


The Voice Weekly facebook စာမျက်နှာပေါ်၌ ဦးဝင်းတင်ကွယ်လွန်ခြင်း တစ်နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား ဓာတ်ပုံများ ဖော်ပြခဲ့ရာတွင် အွန်လိုင်း အယ်ဒီတာအဖွဲ့၏ ပေါ့ဆမှုကြောင့် အများအထင်အမြင်
လွဲမှားစေနိုင်သည့် အငြင်းပွားဖွယ်ရာ ဓတ်ပုံတစ်ပုံ ပါဝင်သွားခဲ့ခြင်းအတွက် သက်ဆိုင်သူများကို အနူးအ ညွတ် လေးလေးစားစား တောင်းပန်အပ်ပါသည်။
သို့သော် အဆိုပါဓာတ်ပုံသည် တမင်လုပ်ကြံဖန်တီးထားခြင်းမဟုတ်ဘဲ ယင်းအခမ်းအနားတွင် အမှန်တ ကယ် ဖြစ်ပေါ်ခဲ့သော အခြေအနေအမှန်ကို ပကတိအတိုင်း မှတ်တမ်းတင်ရိုက်ကူးထားခြင်းဖြစ်ပါသည်။

စင်စစ်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ဘာသာအားလုံးမှ ဘာသာရေးခေါင်းဆောင်အားလုံးကို အရှေ့တိုင်းနိုင်ငံအများစု၏ ထုံးစံနှင့်အညီ အပြန်အလှန် လေးစားကြောင်း လက်အုပ်ချီ နှုတ်ဆက်ခြင်း
သာဖြစ်ပါသည်။

အွန်လိုင်းအယ်ဒီတာအဖွဲ့၏ ပေါ့ဆမှုကြောင့် အပြန်အလှန် လက်အုပ်ချီနေသည့်ပုံ မတင် မိဘဲ လက်အုပ် မချီခင်ပုံ တင်မိခြင်းသာဖြစ်ပါသည်။ ယင်းဓာတ်ပုံများအမှန်အကန် ရိုက်ကူးထားခြင်းဖြစ်ကြောင်း ကျွမ်း ကျင်သူများနှင့်အတူ The Voice ရုံးခန်းသို့ အချိန်မရွေး လာရောက် စစ်ဆေး အတည်ပြုနိုင်ပါသည်။

ထိုသို့ အပြန်အလှန် လက်အုပ်ချီနှုတ်ဆက်နေသည့် ထူးခြားပုံကို အွန်လိုင်းအယ်ဒီတာအဖွဲ့က ကြည်နူး စိတ်ဖြင့် အများဆင့်ပွား ကြည်နူးနိုင်စေရန် တင်ပေးလိုက်ခြင်းဖြစ်သော်လည်း လက်ရှိအချိန်မျိုးတွင် ဘာသာရေးဗန်းပြ အစွန်းရောက်အမြင်ရှိသူများက အလွဲအသုံးသွားနိုင်သော ဓာတ်ပုံဖြစ်သောကြောင့် မတင်သင့်သော ဓာတ်ပုံဖြစ်ကြောင်း အွန်လိုင်းပေါ်မှ မှတ်ချက်များကို ကြည့်ပြီးနောက် သတိပြုမိပါသည်။

The Voice အွန်လိုင်း အယ်ဒီတာအဖွဲ့အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုသော်လည်းကောင်း၊ စာဖတ်ပရိ သတ်များကိုသော်လည်းကောင်း နိုင်ငံသူနိုင်ငံသားအားလုံးအပေါ်တွင်လည်းကောင်း မည်သည့်အခါမျှ မရိုးမသားစိတ်ဖြင့် လှည့်စားလိမ်ညာခဲ့ခြင်းမရှိကြောင်း အချိန်မရွေး သစ္စာပြုနိုင်ပါသည်။ ထိုသစ္စာစကား မှန်ကန်ပါက ကျွန်ုပ်တို့အပေါ် အထင်အမြင်လွဲမှား၊ စွပ်စွဲနေသူများအားလုံး နှလုံးစိတ်ဝမ်းအေးချမ်း ကာ အောင်မြင်ကြီးပွားတိုးတက်ကြပါစေ၊ ကျွန်ုပ်တို့မီဒီယာသည်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုး ကို ဆထက်ထမ်းပိုး သယ်ပိုးထမ်းရွက်နိုင်ပါစေသတည်း...။

အယ်ဒီတာ
The Voice Weekly

No comments:

Post a Comment

My Blog List