Thursday, April 23, 2015

ပြည်မြို့၌ ထောင်ဒဏ်(၄)လ ချမှတ်ခံထားရသူ တရားလွှတ်ရှေ့နေ ဦးမြင့်အေးကို ပုဒ်မ(၁၈)ဖြင့် ထပ်မံရုံးထုတ်


ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ပုဒ်မ(၁၈)ဖြင့်ထောင်ဒဏ်လေးလ ချမှတ်ခံထားရသူတရားလွှတ်ရှေ့နေ ဦးမြင့်အေး ဧပြီလ(၂၂)ရက်နေ့က ပုဒ်မ(၁၈)ဖြင့်ထပ်မံရုံးထုတ်ခဲ့ကြောင်း ပြည်မြို့နယ်တရားရုံးမှ သိရှိရ သည်။
ယခုပုဒ်မ(၁၈)မှာ သပိတ်မှောက်ကျောင်းသားများအား အကြမ်းမဖက်ရေး အတွက် ဖေဖော်ဝါရီ(၁၄)ရက်နေ့ က ဆန္ဒထုတ်ဖော်မူနှင့်ပတ်သက်၍ ပြည်မြို့အမှတ်(၁)ရဲစခန်းမှုး ဦးမျိုးဝင်းမှ တရားလိုပြုတရားစွဲဆို ခဲ့ခြင်း ဖြစ်သည်။

“အခြေခံဥပဒေမှာ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ကိုပေးထားပေမယ့် ပုဒ်မ(၁၈)ရှိနေသရွေ့ ကတော့ ဆန္ဒပြသူတွေ ထောင်ထဲရောက်နေဦးမှာပဲ။”ဟု ရုံးထုတ်ခြင်းခံရသူ  တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး က ပြောသည်။

ယခုပုဒ်မ(၁၈)အတွက်ယခုရုံးချိန်းမှာ သုံးကြိမ်မြောက်ရုံးချိန်းဖြစ်ပြီး ထပ်မံ၍ မေလ(၄)ရက်နေ့သို့ ရုံးချိန်း ထပ်မံချိန်းဆိုထားသည်။

ဦးသန့်အရေးအခင်းနှစ်လေးဆယ်ပြည့်သည့် ၂၀၁၄ ဒီဇင်ဘာ(၆)ရက်နေ့က ခွင့်ပြုမိန့်မရပဲ ဆန္ဒဖော် ထုတ်ခဲ့သောကြောင့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနှင့် တက်ကြွလှုပ်ရွားသူ မျိုးသူထွဋ်တို့အား ပုဒ်မ(၁၈)ဖြင့် ပြည်မြို့နယ်တွဲဖက်တရားသူ ကြီးမှ ဧပြီ(၂)ရက်နေ့တွင် ရုံးထုတ်ပြီး အ ဆိုပါနေ့တွင်ပင် စတင်ရုံးထုတ်ပြီး ၀န်ခံသောကြောင့် ရုံးချိန်းထပ်မံချိန်း ဆိုခြင်းမရှိဘဲ ထောင်ဒဏ်လေးလစီ အမိန့်ချမှတ်ခဲ့ သည်။

ထောင်ဒဏ်ချမှတ်ခံထားရသူဦးမြင့်အေးမှာ အခြားဆန္ဒဖော်ထုတ်မှု များကြောင့် ပုဒ်(၁၈) အမှုလေးမှုနှင့်ရင် ဆိုင်ရန် ထပ်မံကျန်ရှိသေးသည်။

ထောင်ဒဏ်လေးလချမှတ်မခံရသောအမှုအတွက်မူ ပြစ်ဒဏ်များ သောကြောင့် ပြည်ခရိုင်တရားရုံးသို့ အယူခံဝင်ထားပြီး အဆိုပါအယူခံ အတွက် ဧပြီ(၄)ရက်နေ့တွင် ကြားနာမည်ဖြစ်သည်။


Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List