Thursday, April 23, 2015

သမ္မတဦးသိန်းစိန်နှင့် တရုတ်သမ္မတ စီကျင်းပင် သီးသန့်တွေ့ဆုံ ဆွေးနွေး


အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာရှ-အာဖရိက ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသော  သမ္မတဦးသိန်းစိန်သည် တရုတ်သမ္မတစီကျင်းပင်နှင့် သီးသန့်တွေ့ဆုံစဉ် ကိုးကန့်တိုက်ပွဲအတွင်း နယ် စပ်ဖြတ်ကျော်၍ ဗုံးကျသည့်ကိစ္စနှင့်ပတ်သက်၍ နောင်အလားတူဖြစ်ရပ်များမဖြစ်ပွားရန် ပူးပေါင်းကာ ကွယ်ရန်လိုကြောင်း ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။
‘‘နယ်စပ်ကိုကျော်ပြီး ဗုံးကျတဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ဒီ ဖြစ်စဉ်ကို နှစ်နိုင်ငံချစ်ကြည် ရင်း နှီးမှု ကိုအခြေခံပြီး ဖြေရှင်းနိုင်ခဲ့ ကြောင်း၊ နောက်ထပ်အလားတူ မဖြစ်ရေးအတွက် ပူးပေါင်းကာ ကွယ်သွားရန်
လိုကြောင်း ဆွေး နွေးခဲ့ပါတယ်’’ဟု သမ္မတနှင့်အတူ လိုက်ပါသွားသည့် သမ္မတပြော ခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် က ပြော သည်။

ကိုးကန့်တိုက်ပွဲတွင် မြန်မာ့ တပ်မတော်(လေ)မှ ကြဲချလိုက် သောဗုံးမှာ တရုတ်နိုင်ငံ လင်းချန်း ခရိုင်အတွင်း ကြံခင်းသို့ကျရောက် ပေါက်ကွဲ၍ တရုတ်နိုင်ငံသားငါး ဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရရှိ ခဲ့သည့် အပေါ် မြန် မာနိုင်ငံခြားရေး ၀န်ကြီး   ဦးဝဏ္ဏမောင်လွင် ဘေဂျင်းသို့သွားရောက်၍တရုတ် နိုင်ငံခြားရေး ၀န်ကြီး ၀မ်ယီ ကို တောင်းပန်ခဲ့ရသည်။

ထို့ပြင် တရုတ်သမ္မတနှင့် မြန်မာ-တရုတ်နယ်စပ်ဒေသ  တည်ငြိမ်အေးချမ်းရေး၊  ငြိမ်း ချမ်းရေး၊ ကျောက်ဖြူ  အထူးစီး ပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု၊စိုက်ပျိုးရေးနှင့်  ကျေးလက်ဖွံ့ဖြိုး ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ ကြောင်း ဦးရဲထွဋ်က  ဆက်လက် ပြောကြားသည်။

သမ္မတဦးသိန်းစိန်သည် တရုတ်သမ္မတ စီကျင်းပင်အပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မစ္စရှိတ် ဟာဆီနာနှင့် လည်း သီးသန့်တွေ့ ဆုံခဲ့ပြီး နှစ်နိုင်ငံနယ်စပ်ဒေသ လုံ ခြုံရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး နှင့်တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ နှင့်မြန်မာ လေးနိုင်ငံ စီးပွားရေး စင်္ကြံ တည်ထောင်ရေး ကိစ္စရပ် များ ဆွေးနွေး ခဲ့ကြောင်း ဦးရဲထွဋ် က ဆက်လက်ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံတိုင်း ဘင်္ဂါလီဒုက္ခသည်များအရေးကို ဘင်္ဂလားဒေ့ရှ်ဘက်မှ တောင်း ဆိုပြောကြားလေ့ရှိသော်လည်း  ယခု တစ်ကြိမ်တွေ့ဆုံမှုတွင်မူ ဘင်္ဂါလီကိစ္စကို ထည့်သွင်း ပြောကြားခြင်း မရှိကြောင်း၎င်းက ပြောသည်။

‘‘နယ်စပ်ဒေသမှာ ခိုးဝင်မှု၊ မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှုကို တားဆီးဖို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ များ ပူးပေါင်းဆောင်ရွက်ရေးပဲ ပြောတယ်။ ဘင်္ဂါလီကိစ္စ မပြော ပါဘူး’’ဟု ဦးရဲထွဋ်က ပြောသည်။
 
သမ္မတဦးသိန်းစိန်သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ တွင်ကျင်းပနေသည့် အာရှ- အာဖရိက ထိပ်သီး အစည်းအဝေး နှင့် ၁၉၅၅ အာရှအာဖရိက ညီလာခံ၏ နှစ် (၆၀) မြောက် အထိမ်းအမှတ်သို့ တက်ရောက် နေခြင်းဖြစ်ပြီး ဧပြီ ၂၂ ရက် နံနက်က ညီလာခံ၌ မိန့်ခွန်းပြောကြားခဲ့သည်။


7Day News Journal

No comments:

Post a Comment

My Blog List