Sunday, April 19, 2015

ယခုနှစ် စကျင့်သုံးသည့် လေးတန်း၊ ရှစ်တန်း အစိုးရစစ် စာမေးပွဲ အကျများ


ယခုပညာသင်နှစ်တွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို အစိုးရစစ် စတင်ကျင့်သုံးခဲ့ရာ ဧပြီ ၁၈ ရက် အောင်စာရင်းထွက်ချိန်တွင် အကျအရှုံးများခဲ့ပြီး ကျရှုံးသူများအား မေလအတွင်း ကုစားစာမေးပွဲ ပြန်ဖြေ ခွင့်ပေးမည်ဟု အမှတ်(၃) အခြေခံပညာရေး ဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလဲ့ က ပြောသည်။


"ကျတဲ့ကျောင်းသားတွေကို မနက်ဖြန်ကစပြီး ကျောင်းတွေမှာ စာပြန်သင် မယ်။ မေလထဲ ပြန်ဖြေပြီး မေ လထဲမှာပဲ အောင်စာရင်းပြန်ထွက်မယ်။ ဇွန်လမှာ ကျောင်းတွေက ပြန်ဖွင့်မှာလေ။ ဒီနှစ်ကျတယ် ဆိုတာက တစ်နှစ်လုံးစာကို ကျက်ပြီးဖြေရတော့ ကလေးတွေက အလေ့အကျင့် မရှိသေးလို့ ကျတယ်လို့ သုံးသပ်ပါ တယ်"ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်း အတွင်းရှိ ကျောင်းပေါင်း ၂,၁၂၇ ကျောင်းမှ ကျောင်းသားများဖြေဆိုခဲ့ရာ စတုတ္ထတန်းမှ ဖြေ ဆို သူ ၁၀၅,၇၁၂ ဦးတွင် အောင်မြင်သူ ၆၉,၈၂၆ ဦးရှိပြီး ၆၆ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။အဋ္ဌမတန်း စာမေး ပွဲကို ဝင်ရောက်ဖြေဆိုသူ ၈၂,၄၆၄ဦး ရှိခဲ့ပြီး ၃၄,၀၆၈ ဦးသာ အောင်မြင်ကာ အောင်ချက်ရာခိုင်နှုန်းမှာ ၄၁ ဒသမ ၃၁ရာခိုင်နှုန်း ရှိခဲ့သည်။

ပြန်လည်ကုစား ဖြေဆိုရမည့် ကျောင်းသားများသည် မေလ ၁၄၊ ၁၅ နှင့် ၁၆ ရက်တို့တွင်သက်ဆိုင် ရာ ကျောင်း များ၌ တစ်ရက် နှစ်ဘာသာနှုန်းဖြင့် မိမိကျသည့် ဘာသာရပ်ကိုသာ ဖြေဆိုရမည် ဖြစ်သည်။ စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသားကျောင်းသူများ၏ အစိုးရစစ် စာမေးပွဲ ရလဒ်များကို အမှတ် ၁၀၀ မှ ၈၀ အကြားကို A အဆင့်၊ အမှတ် ၈၀ မှ ၆၀ ကြားကို B အဆင့်၊ အမှတ် ၆၀ မှ ၄၀ ကြားကို C အဆင့်၊ အမှတ် ၄၀ အောက်ကို D အဆင့်ဖြင့် အောင်စာရင်းများ ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး D အဆင့်ရရှိ သည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည် ဖြေဆိုရမည်ဖြစ်သည်။

အခြေခံပညာအဆင့် Grade 1 မှ Grade 10 အထိ စာမေးပွဲအောင်စာရင်းများ တစ်နိုင်ငံလုံး အတိုင်းအ တာဖြင့် ဧပြီ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List