Sunday, April 19, 2015

IS အသေခံတိုက်ခိုက်မှု အာဖဂန်မှာ ၃၃ ဦးထက်မနည်းသေဆုံး


အာဖဂန်နစ္စတတန်နိုင်ငံအရှေ့ပိုင်းမှာ ဒီနေ့ လူပေါင်း ၃၃ ယောက်ထက် မနည်း သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုဟာ သူတို့ လက်ချက်လို့ IS စစ်သွေးကြွတွေက ဆိုခဲ့ကြောင်း အာဖဂန်သမ္မတ Ashraf Ghani က ပြောလိုက်ပါတယ်။Jalalabad မြို့မှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ ၁၀၀ ကျော်လည်း ဒဏ်ရာရ သွားတယ် လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 


IS စစ်သွေးကြွတွေက အမှတ်ယူပြီးပြောနေတဲ့ တိုက်ခိုက်မှုဟာ ကြောက်မက်ဖွယ်ဖြစ်တယ်လို့ သမ္မတ Ghani က ပြောကြားခဲ့ပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ တာလီဘန်တွေက သူတို့လက်ချက် မဟုတ်ဘူးလို့ အစောပိုင်းက ငြင်းဆန် ခဲ့ပြီး ဆိုးဝါးတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အစိုးရဝန်ထမ်းတွေ လစာထုတ်ဖို့ စုဝေးနေကြတဲ့ ဘဏ်တခုရဲ့ အပြင်ဘက် မှာ အသေခံဗုံးခွဲမှု ဖြစ်ခဲ့တာပါ၊

လူအများအပြားရှိနေတဲ့နေရာမှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့ UNAMA က ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
VOA

No comments:

Post a Comment

My Blog List