Thursday, April 23, 2015

ဗိုလ်ချုပ်နေအိမ်ပြတိုက်ဝင်းခြံအား တာရှည်ခံဝင်းခြံအဖြစ်အဆင့်မြှင့် တင်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့တင်ပြထား


နတ်မောက် မြို့ ဗိုလ်ချုပ်နေအိမ်ပြတိုက်ဝင်းခြံကို ၂x၁လက်မသစ်သား တန်းများ ဖြင့်ကာရံထားရာ၊ အဆိုပါ ဝင်းခြံအား မူလလက်ရာမပျက်စေဘဲ၊ အဆင့်မြင့်ဝင်းခြံအဖြစ်ဆောင်ရွက်နိုင်ရန်ယဉ် ကျေးမှုဝန်ကြီးဌာ နရှေးဟောင်း သုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန သို့ တင်ပြထားကြောင်း သိရသည်။
''လက်ရှိကာရံထားတာက သစ်သားတိုင်၊ သစ်သားတန်းတွေနဲ့ လေး ဘက်လေးတန်ကာရံထားတာပါ။ မီးလောင်ပြီးနောက်ပိုင်း ကာရံထား တာလို့ သိရပါတယ်။ သစ်သားဖြစ်လို့ တာရှည်မခံပါဘူး။ ကျွန်တော်တို့ က သံဆန်ခါအကွက် ကွန်ကရစ်တိုင်နဲ့ ကာရံဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ပြခဲ့ပါတယ်။ ဝန်ကြီးဌာန က ရှေး ဟောင်းလက်ရာအတိုင်းဖြစ်ဖို့လိုတဲ့ အတွက် ခွင့်မပြုခဲ့ပါဘူး''ဟု နတ် မောက်မြို့မှ အကျိုးဆောင် ဒေါက်တာ စိုးမင်း က ပြောသည်။

အဆိုပါဝင်းခြံအား အစားထိုး ပြုပြင်နိုင်ရန် ဆက်လက်စီမံရာ သီ တဂူဆရာတော်ဘုရားကြီးမှ ကမ္ဘော ဒီးယားနိုင်ငံတွင် သစ်သားအစား ထိုး အဆင့်မြင့်ကာရံထားမှုကို မြင် တွေ့ခဲ့ရကြောင်း၊ အဝေးမှကြည့်ပါက သစ်သားနှင့်ခွဲခြားမရအောင် တူပြီး အနီးကပ်ကြည့်မှသာ သစ်သားပုံ သဏ္ဌာန်သံထည်ပစ္စည်းဖြင့်ဝင်းခြံ ကာရံထားသည်ကို တွေ့ရကြောင်း၊ ဤနမူနာကို ရယူ၍ကာရံပါက အဆင် ပြေနိုင်ကြောင်း၊ ဝန်ကြီးဌာန သို့ထပ် မံတင်ပြရန် အကြံပြုခဲ့သည်။

သီတဂူဆရာတော်ကြီးက သစ် သားနဲ့တူတဲ့ ဝင်းခြံကာရံနိုင်ဖို့မိန့်ပါ တယ်။ သူကလည်း အလှူငွေထည့် မယ်ပြောပါတယ်။ တောင်စွန်းဆရာ တော် ဦးဝီရိယကလည်း အတော်စိတ် ဝင်တစားအားပေးပါတယ်။ သူလည်း တတ်နိုင်သလောက်လှူမယ်ပြောပါ တယ်။ ဗိုလ်ချုပ်နေအိမ်ပြတိုက်မှာ ကျွန်တော်တို့ အလှူခံပုံး ထားတာ ကျပ်သိန်း ၁ဝဝကျော်လောက်ရနေ ပါပြီ။ အားလုံးစုပေါင်းလုပ်ရင်ဖြစ် မြောက်သွားမှာပါ''ဟု ဗိုလ်ချုပ် အောင်ဆန်း အနှစ် (၁ဝဝ) ပြည့် ကျင်းပရေးကော်မတီ အတွင်းရေး မှူး ဒေါက်တာစိုးမင်းက ပြော သည်။

ဗိုလ် ချုပ်နေအိမ်ပြတိုက်ဝင်းခြံ အတွက် သီတဂူဆရာတော်ကြီး လမ်းညွှန်အကြံပြုသည့်အတိုင်း သစ် သားနှင့်တူသည့် သံထည်များဖြင့် အဆင့်မြှင့်ကာရံနိုင်ရန် ယဉ်ကျေး မှုဝန်ကြီးဌာနသို့တင်ပြ၍ ခွင့်ပြုချက် ရယူကာ ရေရှည်ခံအဆင့်မြှင့်ဝင်းခြံ ကာရံနိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်သည်။

DW
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

My Blog List