Thursday, April 23, 2015

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာနှစ်ဦး မေလတွင် တတိယအကြိမ်ရုံးထုတ် စစ်ဆေးမည်


လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာလုပ်သားနှစ်ဦး၏ တတိယမြောက်ရုံးချိန်းကို ယခင် သတ်မှတ်ထား သည့်ရက်ထက် သုံးလစော၍ မေလတွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာ လုပ်သားနှစ်ဦး၏ ဒုတိယမြောက်ရုံးချိန်းကို ၂၀၁၄ ဒီဇင်ဘာ ၂၆ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီး တတိ ယမြောက်ရုံးချိန်းကို နောက်ထပ်ခြောက် လအကြာ ၂၀၁၅ ဇူလိုင် ၈ ရက်တွင် ချိန်းဆိုလိုက်ခြင်းဖြစ်သည်။ 


သို့သော် ကော့စမွီခရိုင် တရားသူကြီးက မေလကုန်ပိုင်းတွင် ချိန်းဆိုမည်ဟု ပြောဆိုခြင်းဖြစ်ကြောင်း မြန်မာ သံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦး အောင်မျိုးသန့်က ပြောသည်။

 ‘‘တရားသူကြီး အသစ် ရောက်လာလို့ မေလကုန်ပိုင်းကိုခေါ်မယ်လို့ ပြော လိုက်တာ။ ရက်အတိအကျ ကိုတော့ စာပို့မယ်ပြောတယ်။ ခက်တာ ကျွန်တော်တို့ကို ခြောက်လကြာ ချိန်းလိုက်တော့ မြန်မာအစိုးရက ကူညီပူး ပေါင်းဆောင်ရွက်မှုတွေ မရှိတော့ဘူး။ အဲဒါက အခက်တွေ့နေတာ။ ကျွန်တော်တို့မှာ ကုန်ကျမယ့် စရိတ်တွေလည်း ရှိနေတယ်’’ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြော သည်။

လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်အား ထိုင်းအစိုးရဘက်မှ သက် သေထွက်ဆိုပေးရန် ထိုင်းရဲ ၄၅ ဦး၊ ဆေး ဆရာဝန်ငါးဦးနှင့် မြန်မာ ခုနစ်ဦး စုစုပေါင်း ၆၅ ဦး သက် သေထွက်ဆိုမည်ဟု အမှုစစ်ဆေး မည့် ကော့ စမွီခရိုင်တရားသူကြီး ထံ စာရင်းပေးထားကြောင်း ရှေ့ နေ ဦးအောင်မျိုးသန့်က ဆက် လက်ပြောသည်။

မြန်မာလုပ်သားနှစ်ဦးဘက် မှ သက်သေထွက်ဆိုပေးရန် မြန်မာလုပ်သားနှစ်ဦးနှင့် နီးစပ်သူ ၃၁ ဦး ရှာဖွေ စာရင်းသွင်းထား ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ သတင်းရရှိသည်။

‘‘ကော့သောင်းဘက်ကသူ တွေဆို သက်သေလိုက်ဖို့ ထိုင်း ကို မလာရဲကြဘူး။ သူတို့ကို ထိုင်း နိုင် ငံရှေ့နေကောင်စီက ဒီကိုမ ခေါ်ဘဲ နယ်စပ်မှာလာပြီး စစ်ဆေးဖို့ ဆောင်ရွက်မယ်လို့ပြောတယ်။ အဲဒီနယ် စပ်ကို သွားဖို့အတွက် တောင်စရိတ်ကလိုသေးတယ် လေ။ မြန်မာအစိုးရဘက်က အရင်လို ပူးပေါင်းဆောင် ရွက်ပြီး လုပ်ပေးမယ်ဆိုရင် အမှုက မနိုင် စရာမရှိဘူး’’ဟု ရှေ့နေဦးအောင် မျိုးသန့်က ပြောသည်။

လိပ်ကျွန်းလူသတ်မှုဖြင့် အမှုတွဲတင်ပြီးနောက်ပိုင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၈ ရက်က မြန်မာလုပ်သားနှစ် ဦးအား ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးရာ ကော့စမွီခရိုင် တရားသူကြီးက အပြစ်ရှိကြောင်းဝန်ခံ လျှင် ပြစ်ဒဏ်ထက်ဝက်သက်သာမည်၊ ၀န်ခံခြင်းမရှိ၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အပြစ်အတိုင်းခံ ရမည်ဟုပြောဆိုရာ မြန်မာလုပ်သားနှစ်ဦးက အပြစ်မလုပ်ထား၍ ၀န်မခံနိုင်ဟု ပြန်လည်ပြောဆိုထားသည်။

မြန်မာလုပ်သားနှစ်ဦးသည် ထိုင်းရဲတပ်ဖွဲ့အား ကြောက်လန့် ၍  ၎င်းတို့သတ်လိုက်ပါသည်ဟု ၀န်ခံ ထားသော်လည်း ၎င်းတို့၏ မိဘများ လာရောက်တွေ့ဆုံချိန် တွင် လူသတ်မှုကျူးလွန်ခြင်းမရှိ ကြောင်း ကတိပေးဝန်ခံပြောဆို ထားသည်။

လိပ်ကျွန်းအမှုမှာ မှန်ကန် ခြင်းမရှိဟုဆိုကာ ထိုင်းနိုင်ငံလူ့အခွင့်အရေးကောင်စီနှင့် ထိုင်းနိုင်ငံ ရှေ့နေ များကောင်စီတို့က မြန်မာလုပ်သားနှစ်ဦးဘက်မှ လိုက်လံ ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာလုပ်သားနှစ်ဦး အမှု ရင်ဆိုင်နေရသော ကော့စမွီမြို့သည် မြန်မာသံရုံးအထူးအဖွဲ့နှင့်  ထိုင်းနိုင် ငံ ရှေ့နေများကောင်စီတို့နေထိုင်သည့် ဘန်ကောက်မြို့ နှင့် မိုင်ပေါင်း ၆၀၀ နီးပါး ဝေးကွာ ကြောင်း ဦးထူးချစ်ကပြောသည်။

ကော့စမွီမြို့သည် ကျွန်းတစ် ကျွန်းပေါ်တွင် တည်ရှိပြီး မြန်မာ လုပ်သားနှစ်ဦးဘက်မှ ထွက်ဆို ပေးရမည့် သက်သေများသည် ထိုကျွန်းပေါ်သို့သွားရန် ဝေးကွာ ပြီး လုံခြုံရေးစိုးရိမ်ရသောကြောင့် အခက်အခဲများ ရှိနေကြောင်း သတင်းရရှိသည်။

ယင်းမြန်မာလုပ်သားနှစ်ဦး တွင် ပြစ်မှုကျူးလွန်သည့် အ ထောက်အထားများ ခိုင်လုံနေ သည်ဟု သေဆုံးသူ ဗြိတိန်စုံတွဲ၏ မိသားစုဝင်များက ဒီဇင်ဘာ ၅ရက်၌ ထုတ်ဖော်ပြောကြားထားသည်။

ဗြိတိသျှနိုင်ငံသား ဒေးဗစ် မီလာ (၂၄)နှစ်နှင့် ဟန်နာဝစ်သာ ရစ်ခ်ျ(၂၃)နှစ်တို့သည် စက်တင်ဘာ ၁၄ ရက် ညဥ့်သန်းခေါင်တွင် လိပ်ကျွန်း၌ အသတ်ခံခဲ့ရခြင်းဖြစ်သည်။

7Day News Journal


No comments:

Post a Comment

My Blog List