အင်ဒိုနီးရှားနိုင်ငံကို
ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အိမ်နီးချင်း တရုတ်နဲ့
ဘင်္ဂလားဒေ့ရှ်နိုင် ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး
နယ်စပ်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါ တယ်။
ဧပြီ ၂၂ ရက်နေ့ ညနေက ဂျကာတာမြို့ ကွန်ဗန်းရှင်းစင်တာမှာ တရုတ်သမ္မတ ရှီကျင့်ပင်းနဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံပြီး စီးပွားရေးနဲ့တခြားကဏ္ဍပေါင်းစုံမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်နို င်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရက သတင်း ထုတ်ပြန် ပါတယ်။
နယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှု ပူးပေါင်း ဆောင်ရွက်ရေး ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနဲ့ မြန်မာ ၄ နိုင်ငံ စီး ပွားရေးစင်္ကြံင်္ံ အကောင်အထည်ဖော်ရေး၊ ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမ စီမံချက်ပူးပေါင်းဆောင် ရွက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေး၊ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံ မှုဘဏ် (အေအိုင်အိုင်ဘီ) တည်ထောင်ရေး၊ ဘဏ္ဍာရေး၊ စိုက်ပျိုးရေး၊ စက်မှုနဲ့ လျှပ်စစ် စွမ်းအင် ကဏ္ဍတွေမှာပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ အတွက် မြန်မာနဲ့ တရုတ် ခေါင်းဆောင်တွေ ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီတွေ့ဆုံပွဲမှာ တရုတ်သမ္မတ ရှီကျင့်ပင်းက တရုတ်နိုင်ငံအနေနဲ့ မြန်မာငြိမ်း ချမ်းရေးဖြစ်စဉ် တိုးတက်ပြောင်း လဲမှုအသစ်တွေ အမြန်ဆုံး မြင်တွေ့ရဖို့ မျှော် လင့်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခပြ သနာတွေကို ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုတွေက တဆင့် နိုင်ငံရေးအရ အဖြေရှာဖို့ အားထုတ်မှုတွေကို အားပေးထောက်ခံတဲ့အကြောင်း ပြောကြားခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြပါ တယ်။
အလားတူ မြန်မာသမ္မတဦးသိန်းစိန်ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့လည်း ဧပြီ ၂၂ ရက်က သီးခြား တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်စီးပွား မြှင့်တင်နိုင်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေး ချမ်းရေးကိစ္စတွေ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါ တယ်။
မြန်မာသမ္မတဟာ ဂျကာတာနဲ့ ဘန်ဒေါင်းမြို့မှာ ကျင်းပတဲ့ အာရှ-အာဖရိက ထိပ်သီး ညီလာခံနဲ့ တခြား အစည်းအဝေးတွေကို တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိ နေတာ ဖြစ်ပါတယ်။
မနေ့က ကျင်းပတဲ့ ညီလာခံဖွင့်ပွဲအခမ်းအနားမှာ သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောရာမှာ မြန်မာဟာ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့အတူ ၁၉၅၅ ခုနှစ်မှာ ပထမဆုံး ဘန်ဒေါင်း ညီလာခံကို ကျင်းပဖို့ အဆိုပြုခဲ့တဲ့ ၅ နိုင်ငံထဲမှာ ပါဝင်တာကို ဂုဏ်ယူကြောင်းနဲ့ အာရှ-အာဖရိက နိုင်ငံတွေ အကြား ပိုမိုတည်ငြိမ်အေးချမ်းသာယာဝပြောမှု ကို ဦးတည်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှု ဆက်တိုးမြှင့်ဖို့ ပြောကြား သွားပါတယ်။
DVB

No comments:
Post a Comment