Wednesday, April 22, 2015

အလုပ်ရှင်၊ အလုပ်သမားများ၏အသံများကို နားထောင်ရန် လှိုင်သာယာ စက်မှုဇုန်မှ အလုပ်ရှင်၊ အလုပ်သမားများနှင့် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ဒုတိယအကြိမ်တွေ့ဆုံမည်

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အလုပ်ရှင်၊ အလုပ်သမားများ၏အသံများကိုနားထောင် ရန် လှိုင်သာ ယာစက်မှုဇုန်မှ အလုပ်ရှင်၊ အလုပ်သမားများနှင့်ဒုတိယအကြိမ်တွေ့ ဆုံသွားမည်ဖြစ်ကြောင်း လှိုင်သာ ယာစက်မှုဇုန်ကော်မတီမှ သိရသည်။
ဧပြီ ၂၄ရက်တွင် လှိုင်သာယာ စက်မှုဇုန် ကနောင်ခန်းမတွင် တွေ့ ဆုံသွားမည်ဖြစ်ပြီး စက်မှုဇုန်ကော် မတီ၏ဖိတ်ကြားမှုဖြင့် လာရောက်မည်ဖြစ်ကြောင်း လှိုင်သာယာစက် မှုဇုန်ကော်မတီဥက္ကဋ္ဌ ဦးမြတ် သင်း အောင်က ဒီမိုကရေစီတူဒေးသတင်း စာသို့ပြောသည်။

''ဇုန်ကော်မတီကိုယ်စား စက် မှုဇုန်ဖွံ့ဖြိုးရေးအပိုင်းတွေကို တင် ပြသွားမယ်။ အလုပ်ရှင်အလုပ်သမား ဥပဒေရေးရာအပိုင်းတွေကိုလဲ အကြံ ပြုတာတွေလဲ တင်ပြသွားဖို့ရှိပါတယ်'' ဟု လှိုင်သာယာစက်မှု ဇုန်ကော်မတီ ဥက္ကဋ္ဌဦးမြတ်သင်းအောင်က ဒီမိုက ရေစီတူဒေးသို့ပြောသည်။

စက်မှုဇုန်ဖွံ့ဖြိုးမှုအပိုင်းများ တွင်လည်း ပထမအကြိမ်ပြည်ထောင် စုလွှတ်တော်နာယကလာရောက် ပြီး နောက်ပိုင်းတွင် ယခင်အခြေအနေ များထက်အနည်းငယ်ဖွံ့ဖြိုးမှုရှိလာ ကြောင်း ဇုန်ဥက္ကဋ္ဌက ဆိုသည်။

အလုပ်သမားများအတွက် ပြည်ထောင်စုလွှတ်တော်နာယက နှင့် ပထမအကြိမ်တွေ့ဆုံပြီးနောက် အလုပ် သမားများအတွက် ထူးခြား သည့်ပြောင်းလဲမှုတစ်စုံတစ်ရာမရှိ သေးကြောင်း၊ လက်ရှိတွင် အလုပ် သမား များအနေဖြင့် အနိမ့်ဆုံးလုပ် ခအမြန်ဆုံးသတ်မှတ်ရေးကိုသာ အ မြန်ဆုံးအလိုရှိနေသည့်အချိန်ဖြစ်သည့် အတွက် လုပ်ခအမြန်ဆုံးသတ် မှတ်ပေးရေးကိုသာ ပြည်ထောင်စု လွှတ်တော်နာယကထံ တင်ပြသွား မည်ဖြစ်ကြောင်း လှိုင်သာယာစက် မှုဇုန်ရှိ သကြားလုံးစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ် သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝေ ဖြိုးမောင်က ဆိုသည်။

''ပထမအကြိမ်တွေ့ဆုံတုန်း က အနည်းဆုံးအခကြေးငွေကိစ္စတွေ ရော၊ စက်ရုံ၊ အလုပ်ရုံကိစ္စတွေပါ ကျွန်တော်တို့တင်ပြထားတာရှိပါ တယ်။ အနည်းဆုံးအခကြေးငွေဆို ရင်လဲ တင်ပြပြီးတဲ့အချိန်နောက်ပိုင်း အခုထိကို ထွက်လာဖို့ အလားလာ မတွေ့သေးဘူး''ဟု ကိုဝေဖြိုးမောင် က ဒီမိုကရေစီ တူဒေးသို့ပြော သည်။

လက်ရှိတွင် အခြေခံလုပ်သား များသည် အစိုးရဝန်ထမ်းများလစာ တိုးမြှင့်ခြင်းနှင့်နှစ်သစ်ကူးချိန်ဖြစ်သည့် အတွက် ကုန်ဈေးနှုန်းတက်ခြင်း ဒဏ်ကို ခံနေကြရပြီး လက်ရှိရရှိသည့် လုပ်ခလစာနည်းပါးခြင်းကြောင့် ဒုက္ခ ရောက်ရှိနေရသည့်အတွက် အနိမ့် ဆုံးလုပ်ခအမြန်ဆုံးသတ်မှတ်ပေးရေး သာ တောင်းဆိုသွား မည်ဖြစ်ကြောင်း၊ သို့သော်အဆိုပါတွေ့ဆုံပွဲသို့ အလုပ် သမားများအား တရားဝင်အကြောင်း ကြားဖိတ် ကြားခြင်းမရှိသေးကြောင်း လည်း ကိုဝေဖြိုးမောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်နာ ယကသူရဦးရွှေမန်းသည် ၂ဝ၁၄ ခုနှစ်ဒီဇင်ဘာ ၁၃ရက်တွင် အလုပ် ရှင်၊ အလုပ်သမား၊ အစိုးရ၊ လွှတ် တော်တို့ လေးပွင့်ဆိုင် တွေ့ဆုံ၍ အ လုပ်ရှင်၊ အလုပ်သမားများ၏အသံ များကို လွှတ်တော် ကိုယ်စားပြုကာ ပထမအကြိမ်လာရောက် နားထောင် ခဲ့သည်။

ZCH
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

My Blog List