Wednesday, April 22, 2015

တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ်မူကြမ်း အသေးစိတ်အချက်အလက်များကို တိုင်းရင်းသားညီလာခံပြီးမှသာ ထုတ်ပြန်သွားမည်


လက်ရှိ သဘောတူထားသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် မူကြမ်းအသေးစိတ် အချက်အလက်များ ကို တိုင်းရင်းသား ညီလာခံပြီးမှသာ ထုတ်ပြန်သွားမည် ဖြစ် ကြောင်း မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ သိရ သည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စုငြိမ်း ချမ်းရေးဖော် ဆောင်ရေးကော်မတီ(UPWC) တို့ ယခုနှစ် မတ်လ ၃၁ ရက်နေ့က လက်မှတ်ရေးထိုး ထားသော အဆို ပါ စာချုပ်မူကြမ်းပါ အသေးစိတ် အချက်အလက်များကို အစိုးရ ဘက်မှ ထုတ်ပြန် လိုသော်လည်း တိုင်းရင်းသားလက်နက်ကိုင်များဘက်မှမထုတ်ပြန်သေးရန် မေတ္တာ ရပ်ခံထားသောကြောင့် မထုတ်ပြန် သေးခြင်းဖြစ်ကြောင်း မြန်မာ့ငြိမ်း ချမ်းရေးစင်တာမှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ပြော
သည်။

''တိုင်းရင်းသား လက်နက်ကိုင် တွေဘက်က သူတို့ အဖွဲ့အစည်း တွေနဲ့ အတည်ပြုပြီးမှ ထုတ်ပြန် ပေး ဖို့ တောင်းဆိုထားလို့ပါ'' ဟု ၄င်းက ဆိုသည်။

ယင်းကဲ့သို့ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးမှုများကို ဆွေး နွေးပွဲများ ပြီးတိုင်းထုတ်ပြန်မှု မရှိ ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမှုများ၊ နှစ်ဖက်တွေဆုံမှုများတွင် မည်သည့် အဖွဲ့အစည်းက မှားသည် မှန်သည်ကိုထောက်ပြ၍မရကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးမှုများသည် ပွင့် လင်း မြင်သာမှု မရှိကြောင်း ၈၈ငြိမ်းပွင့်မှ ကိုမင်းကိုနိုင်က ဝေဖန်သည်။

''သူတို့ဟာသူတို့ကြိတ်ပြီး ထိုးထားတဲ့လက်မှတ်၊ ဘာတွေကို သဘောတူထားလဲ ဆိုတာလည်း မသိရ၊ သဘောတူတုန်းက ကြားနေ အဖွဲ့တွေလိုတယ်။ ဒါမှစစ်တပ်က မှားတယ်၊ တိုင်းရင်းသားတွေဘက် က မှားတယ်ဆိုတာ သိရမှာ။ အခု က သူတို့ အပစ်ရပ်ရင် ရပ်တယ်၊ ပစ်ရင်ပစ်တယ် အဲဒီလို ဖြစ်နေ တယ်''ဟု ၄င်းကဆိုသည်။

ယင်းကဲ့သို့ ဝေဖန်မှုများရှိ နေမှုအပေါ်တွင် မြန်မာ့ငြိမ်းချမ်း ရေးစင်တာမှ ဦးလှမောင်ရွှေက လက် ခံကြောင်းနှင့် ကရင်အမျိုး သားအစည်းအရုံး(KNU)မှ ဗိုလ် မှူးကြီး စောဖောဒိုကလည်း ယင်း ကဲ့သို့ ငြိမ်းချမ်းရေးလက်မှတ်ထိုး နိုင်မည့်အဆင့်သို့ ရောက်ရှိရန် အချိန်များစွာ ရင်းနှီးခဲ့ရခြင်းကြောင့် ထိလွယ် ရှလွယ်ကိစ္စဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာမူရှိခြင်း၊ မရှိခြင်း အပေါ်တွင်မှတ်ချက်မပေး လို ကြောင်း ပြောသည်။

''ကျွန်တော်တို့ အစိုးရနဲ့KIAနဲ့ အရင်ကလည်း ငြိမ်းချမ်း ရေးသဘောတူ လက်မှတ်ရေးထိုးခဲ့ ဖူးပါတယ်။ ဒါပေမဲ့ အခုလို ထုတ် ပြန်မှု မရှိခဲ့ဘူး။ အခုတော့ ဆွေး နွေး ပွဲတစ်ရက်ပြီးတိုင်း မီဒီယာနဲ့ တွေ့ပြီး ထုတ်ပြန်ပါတယ်။ အသေး စိတ်ကိုလည်း ထုတ်ပြန်သွားမှာပါ'' ဟု ဦးလှမောင်ရွှေက ပြောသည်။

ယခုဧပြီလ ၂၈ ရက်နှင့်၂၉ ရက်တို့တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့ ၌ NCCT အစည်းအဝေး ပြုလုပ် မည်ဖြစ်ပြီး ယင်းအစည်းအဝေးမှ တိုင်းရင်းသားညီလာခံကို ပြုလုပ် မည့်နေရာနှင့်အချိန်ကို အတည်ပြု သွား မည်ဖြစ်ကြောင်း သိရသည်။

ရဲလွင်
Popular Myanmar News Journal

No comments:

Post a Comment

My Blog List