Thursday, April 23, 2015

မြန်မာ့ငြိမ်းချမ်းရေးကြိုးပမ်းမှု တရုတ်ထောက်ခံ


တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို နိုင်ငံရေးအရ အဖြေရှာဆွေးနွေးရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှုကို ထောက်ခံကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ထုတ်ဖေါ်ပြောဆိုလိုက်သည်။
မြန်မာသမ္မတနှင့် တရုတ်သမ္မတတို့ ဧပြီလ ၂၂ ရက် အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် အာရှ-အာဖရိက ထိပ်သီးအစည်းအဝေး ပြင်ပတွင် တွေ့ဆုံစဉ် တရုတ်သမ္မတက ပြောဆိုခြင်းဟု ဆင်ဟွာသတင်း တစ်ရပ် က ရေးသားသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များ တိုးတက်လာရန်လည်း တရုတ်နိုင်ငံက မျှော်လင့်ထားသည်ဟုလည်း တရုတ်သမ္မတက ဆိုသည်။

မြန်မာသမ္မတ ဦးသိန်းစိန်ကမူ ခိုင်မာသည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ကြိုးပမ်းသွားမည်ဖြစ်ပြီး နိုင် ငံရေး ဆွေးနွေးပွဲများ ကျင်းပသည့်နည်းတူ ဒေသပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟု တရုတ်သမ္မတထံ ကတိပြုခဲ့သည်ဟု ဆင်ဟွာက ရေးသားသည်။

နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပူးပေါင်းဆောင် ရွက်ကြရန်တို့ကိုလည်း သမ္မတ နှစ်ဦးတို့ ဆွေးနွေးခဲ့သည်ဟု မြန်မာသမ္မတ အင်တာနက်စာမျက်နှာ
တွင် ဖေါ်ပြသည်။

အလားတူ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး အပါအ ဝင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရန်အကူအညီပေးရေးကိုလည်း ဆွေးနွေးခဲ့ သည်ဟုလည်း ဖေါ်ပြထားသည်။

မြန်မာနှင့် တရုတ်သမ္မတတို့သည် နှစ်နိုင်ငံအရာရှိများနှင့် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ ကွန်ဗင်းရှင်း စင်တာတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List