Wednesday, April 22, 2015

ကိုးကန့်တိုက်ပွဲ ပြီးဆုံးကြောင်း တပ်မတော်မှ မကြာမီ ကြေညာတော့မည်


ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့များ တပ်စွဲထားသည့်လောက်ကိုင် နှင့် ချင်းရွှေ ဟော်ဒေသတို့မှ တပ်စခန်းတို့အား တပ်မတော်မှသိမ်းပိုက်ပြီး သွားပြီ ဖြစ်၍ မကြာမီကာလတွင် တပ်မ တော်ဘက်မှ တိုက်ပွဲ ပြီးဆုံးကြောင်း ကြေညာတော့မည်ဟု တပ်မတော်ဘက်ပြောရေးဆိုခွင့်ရအရာရှိတစ်ဦးက Popular News သတင်းဌာနသို့ပြောသည်။
ပြင်းထန်နေသည့် တိုက်ပွဲများ ကြောင့် နိုင်ငံတော်သမ္မတသည် လောက်ကိုင်မြို့နယ် အပါအဝင် ကိုးကန့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တပ်မတော်ထံ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလွှဲပြောင်းပေးပြီး နောက် နှစ် လကျော်အကြာတွင် တပ်မတော်ဘက်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ရက်ပေါင်း ၉ဝ အုပ်ချုပ်ခွင့်ရထားသည့် တပ်မတော်ဘက်က အဆိုပါသတင်းအတိအကျကို တရားဝင် ထုတ်ပြန်ပေးရန်ရှိပြီး၊ တပ်မ တော်ဘက်မှ အုပ်ချုပ်ခွင့်ရ ရက် ပေါင်း ၉ဝ ကို ထပ်မံသက်တမ်းတိုး မတိုး ဆိုသည်ကိုလည်း ကြေညာရန်ရှိသည်ဟု တပ်မတော်အရာရှိ တစ်ဦးက ဆိုသည်။

လက်ရှိတွင် တရုတ်နိုင်ငံနှင့် မီတာ ၅ဝဝ နှင့်၁ဝဝဝကြားရှိနေရာ တို့တွင်သာ ကိုးကန့်တပ်တို့ကျန်ရှိ တော့ သည်ဟု ၄င်းကဆိုသည်။

ယင်းကိုလည်း အဆင့်ဆင့်ချေ မှုန်းမည်ဟု တပ်မတော်ပိုင်မြဝတီ သတင်းဌာနမှတစ်ဆင့် တပ်ဘက်က သတင်းထုတ်ပြန်ထားသည်။ ကွမ်းလုံတိုက်ပွဲသည် ရက် ပေါင်း ၄ဝ ကြာသော်လည်း လောက်ကိုင်တိုက် ပွဲသည် ဧပြီ ၂ဝ ရက်နေ့အထိ ရက်ပေါင်း ၇၂ ရက် ရှိနေပြီး အဆုံးသတ်ကာလကို လက် ရှိအချိန်အထိ မပြောကြားသေးပေ။မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်အဖွဲ့ (ကိုးကန့်)၏ ပြော ရေးဆိုခွင့်ရ ဦးထွန်းမြတ်လင်းက တော့ အတတ်နိုင်ဆုံးကြိုးစားခုခံ သွားမည်ဟု BBC သတင်းဌာနကို ပြောထားသည်။

တပ်မတော်ဘက်က လောက် ကိုင်ဒေသတွင် တပ်မ ၁၁၊ တပ်မ ၃၃၊ တပ်မ ၆၆၊ တပ်မ ၇၇၊ တပ်မ ၈၈ နှင့် တပ်မ ၉၉ တို့ကို ချထားပြီး လေကြောင်းအကူများနှင့် ကိုးကန့် တို့ကိုတိုက်ခိုက်ချေမှုန်းနေရာ နှစ် ဖက်စလုံး၌ ကျရှုံးစစ်သည်တို့ များ ခဲ့ကြသည်။

တိုက်ပွဲစဖြစ်သည့် ဖေဖော် ဝါရီ ၉ ရက်နေ့မှ ဧပြီ ၁၆ ရက်နေ့ အထိ စုစုပေါင်းထိတွေ့တိုက်ပွဲ ၂၉၃ ကြိမ်ရှိ ခဲ့သည်ဟု တပ်မတော် ကထုတ်ပြန်ထားသည်။

လောက်ကိုင်ဒေသသည် ရက် ပေါင်းကိုးဆယ်ကြာ စစ်အုပ်ချုပ် ရေးကြေ ညာချက် ထုတ်ပြန်ခြင်းခံ ထားရ သည့်ဒေသတစ်ခု ဖြစ်သည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List