Wednesday, April 22, 2015

အဆင့် ၇ ဆင့် ဖြတ်ကျော်မှ ငြိမ်းချမ်းရေး ရမယ်


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရှိလာဖို့အတွက် ဒီလာမယ့် တစ်ပါတ်ကျရင် ဝပြည်သွေးစည်းညီညွတ်ရေး ဌာနချုပ် ပန်ဆန်းမှာ တွေ့ဆုံဆွေးနွေးမှု လုပ်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကို ဝတပ်ဖွဲ့က ဖိတ်ကြားထားပါ တယ်။ မေလ တစ်ရက်နေ့မှာ တွေ့ဆုံကြဖို့ရှိပါတယ်။
ဒါ့အပြင် မကြာသေး ခင်တုန်းကပဲ မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ် စဲရေး ဖော်ဆောင်ရေးအဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေး မူကြမ်းကို လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။

ဒါပေမဲ့ ကိုးကန့်၊ ကချင်နဲ့ ရခိုင်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

အဲဒီတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အမြန်သိချင်တယ် ဆိုရင် လေ့လာလို့ ရအောင် သျှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးခွန်စိုင်းနဲ့ ဆက်သွယ်မေးမြန်းပေးထားပါတယ်။

ဦးခွန်စိုင်းဟာ မြန်မာ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို အနီးကပ် စောင့်ကြည့် လေ့လာ တက်ရောက်သူ ဖြစ်ပြီး ငြိမ်းချမ်းရေး ရဖို့ ဆိုတာဟာ အဆင့် ၇ ဆင့် ဖြတ်ကျော်ရမှာ ဖြစ်ပေမယ့် အခုဆိုရင် အဆင့် ၁ ကိုတောင် မကျော်လွှား နိုင်သေးဘူးလို့ ပြောပြထားပါတယ်။

ABC

No comments:

Post a Comment

My Blog List