Friday, April 24, 2015

ပဟေဠိများစွာဖြင့် ပန်ဆန်းဆွေးနွေးပွဲ


‘၀’ပြည်သွေးစည်းညီ ညွတ်ရေးပါတီ/တပ်မတော် (UWSP/ UWSA)ဌာနချုပ် တည်ရှိရာ ပန်ဆန်း(ပန်းခမ်း) တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ၏တွေ့ ဆုံဆွေးနွေးပွဲကို မေလ ၁ရက်မှ စတင်ကာ သုံးရက်ကြာ ပြုလုပ်ရန် ရှိနေသည်။ ယင်းတွေ့ဆုံပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေးသဘော တူစာချုပ် (NCAမူ ကြမ်းကို နောက်ဆုံးအကြိမ်သုံး သပ်မှုပြုကြမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်သော ထိပ်သီးညီ လာခံမတိုင်မီ ထွက်ပေါ်လာခြင်း ဖြစ်သည်။
UWSA က ကြီးမှူးပြုလုပ် မည့် ပန်ဆန်းတွေ့ဆုံပွဲတွင်ပါဝင် ရန် တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့ ကို ရွေးချယ်ဖိတ်ကြားထား ကာ ယင်းအပါအ၀င် စုစုပေါင်း ၁၂ ဖွဲ့နှင့်ပြုလုပ်မည်ဖြစ်ကြောင်း အတည်ပြု ထားသည်။ ယခင်ပြု လုပ်ခဲ့သော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ၏လိုင်ဇာ ထိပ်သီးညီ လာခံ၊ လော်ခီးလာ ထိပ်သီးညီလာခံများသို့ တက် ရောက်ဆွေးနွေးမှုမရှိခဲ့သည့် UW SA သည်  တစ်နိုင်ငံ လုံးအပစ်အ ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်လည်း မဟုတ် ပေ။ ‘‘တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း များ၏ခေါင်းဆောင်များ ပန်းခမ်း မြို့တွင် တွေ့ဆုံဆွေးနွေးပွဲ’’ဟု ခေါင်းစဉ် တပ် ထားသည့်ပွဲကို တက်ရောက်ရန် အစိုးရနှင့်ဆွေးနွေးဖက် ၁၆ ဖွဲ့အနက် ကိုးဖွဲ့ကိုသာ ဖိတ်ကြားပြီး ကျန်ခုနစ်ဖွဲ့ မပါဝင်ပေ။

‘‘အရင်က အားလုံးကိုဖိတ် ပြီး လုပ်ခဲ့တဲ့ပွဲတွေ။ အခုကမဖိတ် ဘူး။ အခုပွဲက နည်းနည်းတော့ ကွာခြားပါ တယ်။ အခု ပန်ဆန်းမှာ ဆွေးနွေးကြမယ့်ဟာက တိုင်းရင်း သားလက်နက်ကိုင်ညီနောင်အဖွဲ့ တွေ စည်းရုံး ပြီး ပန်ဆန်းမှာ လုပ်ဖို့ အကြံပေးကြတယ်။ ကျွန် တော်တို့က လက်ခံထားတယ်။ ဆွေးနွေးပွဲ လုပ်ဖို့ကို ၃ လပိုင်းက တည်းက အစိုးရဆီ သတင်းပို့ ထားတယ်။ အစိုးရ ဘက်က လက် ခံတယ်။

လက်ရှိနိုင်ငံမှာ ဖြစ်နေ တဲ့ နိုင်ငံရေးအခြေအနေ ရယ်၊ ငြိမ်းချမ်းရေးအတွက်ရယ် ဆွေး နွေးကြဖို့ဖြစ်ပါတယ်။ အပစ်ရပ် ကိစ္စဆိုတော့ အရေးကြီးတဲ့အ တွက် NCAကိစ္စကိုလည်းဆွေးနွေး ဖို့ရှိပါတယ်’’ဟု UWSP/ UWSAပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် ကပြောသည်။

UWSA က သတ်မှတ်ဖိတ် ကြားသော လက်နက်ကိုင်အဖွဲ့ များမှာ လက်ရှိ တိုက်ပွဲများဖြစ် ပွားနေသည့် ကိုးကန့်လက်နက် ကိုင်အဖွဲ့ မြန်မာအမျိုးသားဒီ မိုကရေစီမဟာမိတ်တပ်မတော် (MNDAA)၊ တအာင်န်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် မတော်(TNLA)၊ ရက္ခိုင့်တပ်မ တော်(AA) တို့နှင့်အတူ ကချင် လွတ်လပ်ရေးတပ်မတော်(KIA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ရှမ်းပြည်ပြန်လည် ထူ ထောင်ရေး ကောင် စီ /ရှမ်းပြည် တပ်မတော် (RCSS/SSA)၊ ရှမ်း ပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော်(SSPP/SSA)၊ မွန် ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ(KNPP)နှင့် အမျိုး သားဒီမိုကရေစီသွေးစည်းညီ ညွတ်ရေး တပ်မတော် မိုင်းလား တပ်ဖွဲ့(NDAA)တို့ဖြစ်ကြသည်။

ပန်ဆန်းဆွေးနွေးပွဲသို့ ဖိတ် ကြားခြင်းမခံရသော အစိုးရနှင့် ဆွေးနွေးဖက် အဖွဲ့များမှာ မြန်မာ နိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတစ်ဦး(CNF)၊ ဒီမို ကရေစီအကျိုးပြု ကရင့်တပ်မ တော်(DKBA-5)၊ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မ တော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရခိုင်လွတ် မြောက်ရေးပါတီ (ALP)၊ နာဂအ မျိုးသားဆိုရှယ်လစ် ကောင်စီ-ကပ်လပန် (NSCN-K)တို့ဖြစ်ကြ ပြီး လားဟူဒီမိုကရက်တစ်အစည်း အရုံး(LDU)၊ ‘ဝ’ အမျိုးသားအဖွဲ့ ချုပ်(WNO)၊ ရခိုင်အမျိုးသား ကောင်စီ(ANC) အစရှိသည့် အဖွဲ့ တို့လည်း ဖိတ်ကြားခြင်းမခံရပေ။

တစ်ဖက်တွင်လည်း NCA ရရှိရေးအတွက် အစိုးရနှင့် ညှိနှိုင်း ရေးဆွဲခဲ့ သူဖြစ်သော   NCCT အနေဖြင့် ဧပြီလကုန်ရက်တွင် အစည်းအဝေးတစ်ရပ် ကျင်းပ ကာ မေလတွင်း၌ အားလုံးပါဝင် သော ထိပ်သီးညီ လာခံကျင်းပရန် စီစဉ်ထားသည်။

‘‘ဧပြီ ၂၉ လောက်မှာ NCCTအဖွဲ့ဝင်အားလုံးပါမယ့် အစည်းအဝေးလုပ်ဖို့ရှိတယ်။ NCAကို သုံးသပ်ဆွေးနွေး မယ့် သဘောပါ။ ပြီးမှ ‘ဝ’ညီလာခံပြီးရင် ကျွန်တော် တို့အဖွဲ့ဝင်တွေအားလုံး ပါနိုင် မယ့် ညီလာခံတစ်ခု လုပ်ဖို့ရှိပါ တယ်။ အခု ‘ဝ’ညီလာခံမှာတော့ ခုနစ်ဖွဲ့မပါဘူးပေါ့’’ဟု NCCT အဖွဲ့ဝင် PNLO နာယက ဗိုလ်မှူး ကြီး ခွန်ဥက္ကာက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက် က သမ္မတ ဦးသိန်းစိန်ရှေ့မှောက် တွင် NCCT နှင့် ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီ (UPWC) တို့လက် မှတ်ရေးထိုးခဲ့ကြသည့် NCA နောက်ဆုံး မူကြမ်းကို အားလုံးပါ ၀င်သော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ထိပ်သီးညီလာခံတွင် သုံးသပ်ကြ ကာ NCA စာချုပ် လက်မှတ်ရေးထိုးပွဲအတွက် ဆုံး ဖြတ်ချကြရန် စီစဉ်ထားကြသည်။ 

ယင်းထိပ်သီးညီလာခံ၌ အစိုးရ နှင့် ဆွေးနွေးဖက်အဖြစ် သတ်မှတ် ခြင်း မခံထားရသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ၊ NCCT ကျန်အဖွဲ့ဝင်များနှင့်ပါ ရှင်းလင်းဆွေးနွေး သုံးသပ်ခြင်း များပြုလုပ် မည်ဖြစ်ကြောင်း သ တင်းရရှိသည်။

မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်ရှိ ‘ဝ’ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း၊ ဌာနချုပ် ပန်ဆန်း တွင် ပြုလုပ် မည့် မေလဆန်း အ စည်းအဝေးသို့ တက်ရောက်ရန် အစိုးရနှင့် လက်ရှိတိုက်ပွဲဖြစ်ပွား လျက်ရှိသည့် ကိုးကန့် MNDAA အဖွဲ့ကို ဖိတ်ကြားထားပြီး MND-AA ကလည်း တက်ရောက်မည် ဟု အကြောင်းပြန် ထားကြောင်း UWSA ပြောခွင့်ရပုဂ္ဂိုလ်က ဆို သည်။

ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အကြံ ပြုချက်အရ ကြီးမှူးကျင်းပခြင်း ဖြစ်ကြောင်း UWSA က ဆိုသော် လည်း ယခု ပန်ဆန်းတွေ့ဆုံပွဲ ကျင်းပခြင်းမှာ မည်သူ၏စိတ်ကူး စိတ်သန်းဖြစ်သနည်းဆို သည်နှင့် ပတ်သက်၍ ဝေဖန်မှုအချို့ရှိနေ သည်။

‘‘တရုတ်က မပြောဘဲနဲ့UW- SA ဟာ ဘာမှလုပ်မှာမဟုတ်ဘူး။ ဒီပွဲအိမ်ရှင်အဖြစ် ကျင်းပဖို့UWSA ကို ဘယ်အဖွဲ့ကမှ မပြောခဲ့ဘူး။ တရုတ်က ပြောခဲ့တာဆိုတော့ နိုင် ငံခြားငြိမ်းချမ်းရေးဖော်ဆောင်သူ တွေ လက်ထဲကနေပြီး ကစား ကွက်ကို တရုတ်က ယူနေပြီ’’ဟု  မြန်မာတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ အကြောင်း ကျွမ်း ကျင်သူ ၀ါရင့်သတင်းထောက် ဘာတေးလ် လင့်တနာက ပြော သည်။

UWSA ကို မြန်မာနိုင်ငံရှိ အ ကြီးဆုံးနှင့် အင်အားအတောင့် တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အဖြစ် သတ်မှတ်ထား ကြသည်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ် စဉ်ကို လေ့လာစောင့်ကြည့်သော Myanmar Peace Monitor ၏ ခန့်မှန်းခြေစာရင်းအရ ‘ဝ’စစ်တပ် တွင် အင်အား ၂၀,၀၀၀မှ ၂၅, ၀၀၀ ကြားရှိသည်။

အခြားစစ်တမ်းများကမူ အင်အား ၃၀,၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းထားကြသည်။ ၁၉၉၃ မှ ၂၀၀၇ ကြား ၁၄ နှစ်ကြာ လုပ် ငန်းစဉ်ဖြစ်သည့် စစ်အစိုးရ၏ အ မျိုးသားညီလာခံကို ‘ဝ’က တက် ရောက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေ ထွက်ပေါ်လာသည့် အခါ ၎င်းတို့အတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းကို အစိုးရ က ထည့်သွင်းရေးဆွဲထားခဲ့သည်။ ၂၀၀၉ တွင် အစိုးရက နယ်ခြား စောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခိုင်းသည့်အခါ ဆက်ဆံ ရေးတင်းမာခဲ့သည်။ ယင်းနောက် သမ္မတဦးသိန်းစိန်လက်ထက်တွင်  အပစ်အခတ်ရပ်စဲရေးလက်မှတ် ပထမဆုံးရေးထိုးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အဖြစ် ၂၀၁၁ စက်တင်ဘာ ၆ ရက်တွင် ရေးထိုးခဲ့သည်။ UWSA အ နေဖြင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် တပ်ပေါင်းစုဖြစ်သော ညီညွတ်သော တိုင်းရင်းသားလူ မျိုးများ ဖက်ဒရယ်ကောင် စီ(UN- FC)တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်း မရှိပေ။ ထို့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ကိုယ် စားပြုသည့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့(NCCT)၏   အဖွဲ့ဝင် လည်း မဟုတ်ပေ။

တစ်နှစ်နှင့် ငါးလကြာတိုင် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ အကြား တစ်ခုတည်းသော NCA မူကြမ်းရရှိရေးအတွက် ညှိနှိုင်းခဲ့ ကြပြီးနောက် ၂၀၁၅ မတ်လ ၃၁ ရက်တွင် NCA မူကြမ်း ပဏာမ အဆင့် သဘောတူစာချုပ်ကို နှစ် ဖက်ချုပ်ဆိုနိုင်ခဲ့ကြသည်။ ယင်း မူကြမ်းကို တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ ထိပ်သီးညီလာ ခံတွင် ညှိနှိုင်းသုံးသပ်ကြပြီး နောက် NCA စာချုပ်လက်မှတ် ထိုးရေး၊ မထိုးရေး ဆုံးဖြတ်ကြ မည်ဖြစ်သည်။


7Day News Journal

No comments:

Post a Comment

My Blog List