Wednesday, April 22, 2015

ရွှေတိဂုံ ပုံတော်တံဆိပ်နှင့်အရက် မလေးတွင် ရောင်းချမှု နိုင်ငံခြား ရေး ဝန်ကြီးဌာနမှတစ်ဆင့် ဖြေရှင်းရမည်ဟု ဆို


ရွှေတိဂုံ ဘုရားပုံတော် တံဆိပ်ရိုက်နှိပ်ထားသည့်အရက် မလေးရှားနိုင်ငံတွင် ဖြန့်ဖြူးရောင်းချနေမှုကို သက် ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနများမှ တစ်ဆင့်ဖြေရှင်းရမည်ဟု သာသနာရေးဝန်ကြီးဌာနမှ တိုင်းသာသ နာရေးမှူး ဦးစိန်မော်က ပြောသည်။
Teo Seng Chan Liquor Merchants ကုမ္ပဏီမှ ထုတ်လုပ်သည့် Song Singh အမည်ရှိ ထိုအရက်ကို မလေးရှားနိုင်ငံ၌ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ထိုသို့ ပြုလုပ်သည့်အပေါ် မလေးရှားရှိ မြန်မာများ အပါအဝင် လူမှုကွန်ရက် စာမျက်နှာများ၌ ကန့်ကွက်ဝေဖန်လျက်ရှိ၍ သာသနာရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်း ရာ ၎င်းက အထက်ပါအတိုင်းပြော ကြားခြင်းဖြစ်သည်။

''သူတို့ဘာသာ သူတို့ စီးပွားရေးလုပ်တာ ဘုရားပုံတော်ကို အသုံးပြုစရာ မလိုဘူး။ ဗုဒ္ဓဘာသာ ရဲ့ ရှေ့ဆောင်နိုင်ငံရဲ့ အထွတ်အမြတ်ထားရာ စေတီပုံကို အသုံးပြုတာ ဘာသာရေးအရတိုက်ခိုက် တာပဲ''ဟု ဦးစိန်မော် က ပြောသည်။ ဗုဒ္ဓဘာသာကို ကြည်ညိုလေးစားသူတိုင်းသည် ဘာသာရေးကို အကြောင်းအမျိုးမျိုးဖြင့် ညှိုးနွမ်းအောင် လုပ်ကြံနေသူများအပေါ် မကျေနပ် ပါက ပုဒ်မ၂၉၅ (က) သာသ နာတော် ညှိုးနွမ်းစေမှု ဖြင့် တရားစွဲဆိုနိုင် ကြောင်း၊ ပြည်တွင်း၌ ဖြစ်ပွားသော ကိစ္စများကို တိုင်ကြားပါက အမြန်ဆုံး အရေးယူဆောင်ရွက်ပေးကြောင်း ၎င်းက ပြောသည်။

''ရုံးတွေလည်း ပိတ်ထားတဲ့အတွက် လက်ရှိဖြစ်စဉ်ကို သေချာမသိသေးဘူး။ ဒီလိုဖြစ်စဉ်တွေအပေါ် အမျိုးဘာသာ သာသနာကိုချစ်မြတ်နိုးသူတိုင်းက မကျေနပ်တာရှိရင် တိုင်ခွင့်၊ တရားစွဲခွင့် ရှိတယ်''ဟု ၎င်းကပြောသည်။

၂ဝ၁၃ ခုနှစ် သြဂုတ်လတွင် မြန်မာပြည်တွင်းမှ ဖူရှင်းဘရားသား(စ်) ကုမ္ပဏီက ရွှေတိဂုံစေတီတော်ပုံကို လက်ဖက်ခြောက်ဘူးများတွင် ရိုက်နှိပ်၍ နီးစပ်ရာအသိုင်းအဝိုင်းထံလက်ဆောင်ပေး ခြင်းဖြစ်စဉ်ရှိခဲ့ပြီး အဆိုပါ ဖြစ်စဉ်ကို မကျေနပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ကာ တိုင်တန်းရာ သာသနာရေး ဝန်ကြီး ဌာနမှပစ္စည်းများ ပြန်လည်သိမ်းဆည်းပြီး သက်ဆိုင်ရာ မှ အရေးယူခဲ့ဖူးကြောင်း သိရသည်။

ခိုင်နွယ်ဦး
Popular Myanmar News Journal

No comments:

Post a Comment

My Blog List