Friday, April 24, 2015

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံသားစိစစ်ရေးကတ်လဲလှယ်ကိုင်ဆောင်


နှစ်ပေါင်းများစွာ အမျိုးသားမှတ်ပုံတင်သုံးခေါက်ချိုး ကိုင်ဆောင်ခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္က ဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အားလူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား (နိုင်)အသစ်ကို ပြန်လည်လဲလှယ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုင်ဆောင်ထားသော အမျိုးသား မှတ်ပုံတင် သုံးခေါက်ချိုးအား နိုင် ငံသားစိစစ်ရေး ကတ်ပြားနှင့် လဲလှယ်မှုပြုလုပ်ရန် လျှောက်ထားခဲ့ပြီး  ဧပြီ ၁၂ ရက်က  သက်ဆိုင်ရာက လဲလှယ်ပေးမှုပြု
လုပ် ပေးခဲ့ကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိ သူ ဦးဉာဏ်ဝင်းက ပြောသည်။

‘‘သုံးခေါက်ချိုး အမျိုးသား မှတ်ပုံတင်အဟောင်းကို ကိုင်လာ တာကြာပါပြီ။ အခုမှလဲတာက အားလပ်နေတဲ့ အချိန်လည်း ဖြစ် တယ်။ လွှတ်တော်ကလည်း နား နေတော့ လုပ်လိုက်တာပါ’’လဲဖို့ လည်း လုပ်သင့်လို့ လုပ်လိုက်တာ ပါ’’ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုင်ဆောင်ထားသော အမျိုးသားမှတ်ပုံတင် သုံးခေါက်ချိုးနှင့်လဲ လှယ်ပေးသော  နိုင်ငံသားစိစစ် ရေးကတ်ပြားကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဒေါ် အောင်ဆန်းစုကြည်နေထိုင်ရာ ရန်ကုန်မြို့ရှိ တက္ကသိုလ်ရိပ်သာ လမ်း၊ ခြံအမှတ် (၅၄) နေအိမ်သို့ လာရောက်ပေးအပ်ခဲ့သည်။


7Day News Journal

No comments:

Post a Comment

My Blog List