Wednesday, April 22, 2015

စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျရှုံးခဲ့သူများအား ပြန်လည် သင်ကြားကုစားမှုပြုလုပ်ပြီး မေလတွင် စာမေးပွဲစစ်ဆေးမည်

အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းအတန်း တင်စာမေးပွဲတွင် ကျရှုံးခဲ့သူများအား ပြန်လည်ကုစားရန် အတွက် ယခုလ အတွင်း ရက်၂ဝခန့်လေ့ကျင့်သင် ကြားခြင်းများပြုလုပ်သွားမည်ဖြစ်ကာ ယင်းတို့ကို တစ်ဆင့်နိမ့်မေးခွန်း များဖြင့်ပြန်လည်ဖြေဆိုစေမည်ဖြစ် ကြောင်းသိရသည်။
ယခုလ ၁၈ရက်တွင် ၂ဝ၁၄- ၂ဝ၁၅ပညာသင်နှစ်အခြေခံပညာ အတန်းတင် စာမေးပွဲရလဒ်များကို ထုတ်ပြန်ကြေညာခဲ့ရာ အစိုးရစစ် စာမေးပွဲအဖြစ် ပြန်လည်အကောင် အထည်ဖော်ခဲ့သော စတုတ္ထတန်း နှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲရလဒ်များကိုပါ ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းအတန်းများတွင်ဝင်ရောက် ဖြေ ဆိုခဲ့သူများထဲမှ အဆင့်(D) ရရှိသူများအား ပြန်လည်ကုစားရန် အတွက်လေ့ကျင့်သင်ကြားခြင်းများကို သက် ဆိုင်ရာ ကျောင်းများတွင်ပင်စတင်ပြုလုပ်ပြီး ပြန်လည်ဖြေဆို ခြင်းကို မေလထဲတွင်ပြုလုပ်သွားမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန မှ သိရသည်။

''အခြေအနေကတော့ ပြည်နယ် တိုင်းတော်တော်များများမှာ အောင် ချက်နည်းခဲ့တယ်။ အဲဒီအတွက်ကျ တဲ့ ကလေးတွေကိုပြန်ကုစားပေးမယ်။ ပြန်ကုစားတယ်ဆိုတာက တစ်ခါ တစ်ရံမှာ ကျန်းမာရေးကြောင့်သော် လည်းကောင်း၊ အခြားကိစ္စလေးတစ် ခုကြောင့်သော်လည်းကောင်း မထင်မှတ်ဘဲ အောင်မှတ်မရ တာလေးတွေ ဖြစ်တတ်ကြတယ်။ အဲဒီလို ကလေး တွေမနစ်နာစေချင်ဘူး။ ဒါကြောင့်ပါ'' ဟု အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးစိုးဝင်းကပြော ကြားသည်။

ယင်းအပြင် အစိုးရစစ်အဖြစ် စစ်ဆေးခဲ့သည့် စတုတ္ထတန်းနှင့်အဋ္ဌမ တန်းစာမေးပွဲ ရလဒ်အရ တိုင်းရင်း သားဒေသအများစုတွင် အောင်ချက် အနိမ့်ဆုံးဖြစ်ခဲ့သည့်အတွက် အဆိုပါ ကလေးများ၏တတ်မြောက်မှု အဆင့် ကိုလျှော့ချ၍ ကျရှုံးရာခိုင်နှုန်း၏ထက် ဝက်ကျော်ကို ဆွဲတင်စစ်ဆေးသွား မည်ဖြစ်ကြောင်းလည်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

မူလတန်းအဆင့် (စတုတ္ထတန်း) နှစ်ဆုံးစာမေးပွဲအောင်ချက် ရာခိုင်နှုန်းအနိမ့်ဆုံးဖြစ်ခဲ့သည့်ဒေသမှာ ကချင်ပြည်နယ်ဖြစ်ခဲ့ပြီး အလယ်တန်း အဆင့်(အဋ္ဌမတန်း)နှစ်ဆုံးစာမေးပွဲ အောင်ချက်ရာခိုင်နှုန်း အနိမ့်ဆုံးဖြစ် ခဲ့သည့်ဒေသမှာ ရှမ်း (မြောက်)ဖြစ်ခဲ့ ကြောင်း သိရသည်။

စတုတ္ထတန်းအတွက် ကျရှုံးသူ များကို ကျရှုံးသည့်ဘာသာရပ်အလိုက် မေ ၁၄ရက် နံနက် ၉နာရီမှ ၁ဝနာ ရီခွဲအထိတွင် မြန်မာစာဖြေဆိုရ မည်ဖြစ်ပြီး မွန်းလွဲ၁နာရီမှ ၂နာရီခွဲ အထိတွင် အင်္ဂလိပ်စာဘာသာရပ်၊ မေ ၁၅ရက်တွင် သင်္ချာနှင့်အခြေခံ သိပ္ပံ၊ မေ ၁၆ ရက်တွင် လူမှုရေးဘာ သာရပ်တို့ကို ဖြေဆိုရ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်အဖွဲ့ဦးစီးဌာနမှ ကြေညာထားသည်။

အဋ္ဌမတန်းတွင် ကျရှုံးခဲ့သော ကျောင်းသား၊ ကျောင်းသူများသည် မေ ၁၅ရက် နံနက်၉နာရီမှ ၁၁နာရီ အထိတွင် မြန်မာစာ၊ မွန်းလွဲ ၁နာရီမှ ၃နာရီအထိတွင် အင်္ဂလိပ်စာဘာ သာရပ်တို့ဖြေဆိုရမည်ဖြစ်ကြောင်း၊ မေ၁၄ရက်တွင် သင်္ချာနှင့်အထွေထွေ သိပ္ပံဘာသာရပ်တို့ကို ဖြေဆိုရမည် ဖြစ်ပြီး၊ မေ ၁၆ရက်တွင် ပထဝီဝင် နှင့် သမိုင်းတို့ကိုဖြေဆိုရမည်ဟုထုတ် ပြန်ကြေညာထားသည်။

''တစ်ဘာသာ၊ နှစ်ဘာသာကျ တဲ့ကလေးတွေကတော့ ပြန်သင်၊ ပြန် ကုစားလို့အခြေအနေကောင်းနိုင်ပေ မယ့် လေးဘာသာ၊ ငါးဘာသာလောက် ကျတဲ့ကလေးတွေကျတော့ အခြေ အနေမကောင်းနိုင်တော့ဘူး။ ဒါပေ မဲ့ အဲဒီကလေးတွေဆန္ဒရှိရင်တော့ ပြန်သင်ပြီးကုစားပေးမှာပါ။ အောင် သွားရင်လဲ အတန်းကူးပြောင်း ခွင့်ပေး မှာပါ'' ဟု ဦးစိုးဝင်း ကထပ်မံပြော ကြားသည်။

ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Yangon Media Group

No comments:

Post a Comment

My Blog List