Friday, April 24, 2015

ယူကရိန်း ပိုင်နက်တွင် ရုရှားလေကြောင်းကာကွယ်ရေး စနစ်တစ်ခု ဖြန့်ကျက် ထားကြောင်း အမေရိကန်စွပ်စွဲ


ယူကရိန်းပိုင်နက်ထဲတွင် ရုရှားက လေကြောင်းကာကွယ်ရေးစနစ်တစ်ခု အခြေစိုက်ထူထောင်ထားကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်သည်။ ရုရှားသည် ယူကရိန်းအရှေ့ပိုင်းရှိ သူပုန်တပ်ဖွဲ့များထိန်းချုပ် ထားရာ ဒေသတွင် လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်တစ်ရပ် ထူထောင်ထားပြီး ရုရှားလိုလားသည့် သူပုန်များကို လေ့ကျင့်ပေးနေကြောင်း အမေရိကန်က ဆိုသည်။
“ဩဂုတ်လ ကတည်းက ယူကရိန်း အရှေ့ပိုင်းမှာ ရုရှားရဲ့ လေကြောင်း ကာကွယ်ရေး ပစ္စည်းတွေ ပမာဏ အများဆုံးထိ ဖြန့်ကျက်ထားခဲ့ပါတယ်။ ပြီးတော့ ရုရှားဟာ ယူကရိန်း သူပုန်တွေရဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေမှာ ပါဝင်နေတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီဟပ်ဖ်က ပြောကြားသွားသည်။

ရုရှားသူပုန်များ၏ စစ်ရေးလေ့ကျင့်နေမှုတွင် ရုရှားလုပ် မောင်းသူမဲ့ လေယာဉ်များက ပူးပေါင်းပါ ဝင်နေကြောင်း လည်း သူမက စွပ်စွဲခဲ့သည်။ ယူကရိန်း အရှေ့ပိုင်းတွင် အပစ်အခတ် ရပ်စဲထားသော်လည်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အစိုးရတပ်နှင့် သူပုန်တပ်များကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပေါ်လာ သည်။ ယင်းနှင့် ပတ်သက်ပြီး သဘောတူညီချက်ကို ချိုးဖောက်ကြောင်း နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲနေကြသည်။

ယူကရိန်း အရှေ့ပိုင်းတွင် လွန်ခဲ့သည့် တစ်နှစ်ကျော်က ပြည်တွင်းစစ် စတင်ပြီးနောက်ပိုင်း တိုက်ပွဲများ အတွင်း သေဆုံးသူ အရေအတွက် (၆၀၀၀)ကျော်ထိ ရှိလာပြီဖြစ်ကြောင်းလည်း သိရှိရသည်။

Ref: CNA
7Day News Journal

No comments:

Post a Comment

My Blog List