Sunday, April 19, 2015

ကနေဒါသူကို အဓမ္မပြုကျင့်မှုဖြင့် ဗြိတိန်တော်ဝင်ရေတပ် တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီး





ဗြိတိန်တော်ဝင်ရေတပ်က တပ်ဖွဲ့ဝင် ၄ ဦးဟာ ကနေဒါအရပ်သူတဦးကို အဓမ္မပြုကျင့်မှုနဲ့ ဧပြီ ၁၇ ရက်နေ့မှာ ကနေဒါစစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။

အသက် ၂၄ နဲ့ အသက် ၃၅ နှစ်ကြားအရွယ်တွေဖြစ်ကြပြီး Nova Scotia ပြည်နယ်၊ Dartmouth မြို့အနီး စစ်အခြေစိုက်စခန်းမှာ ဖြစ် ပွားခဲ့တာဖြစ်ပါတယ်။

တပ်မတော် ဟော့ကီပြိုင်ပွဲအတွက် ပြည်နယ်ကို ရောက်ရှိနေကြတာလို့လည်း ဆိုပါတယ်။

ဗြိတိန်ရေတပ်ကတော့ ဒီကိစ္စကို အထူးအလေးထားပြီး ကနေဒါအာဏာ ပိုင်တွေနဲ့ ပူးတွဲဆောင်ရွက် မယ် လို့ ပြောဆိုပါတယ်။

သူတို့ကို အာမခံနဲ့ ပြန်ပို့ဖို့ ဧပြီ ၂၀ ရက်နေ့ ဆွေးနွေးမယ်လို့ ကနေဒါ အစိုးရရှေ့နေက ပြောဆိုပါတယ်။

သူတို့ဟာ ဗြိတိန်ကို ပြန်ကြရမှာဖြစ်ပေမယ့် ကနေဒါနိုင်ငံမှာပဲဆက်လက် ထိန်းသိမ်းထားတယ်လို့ အစိုးရရှေ့နေက ပြောဆိုပါတယ်။

DVB

No comments:

Post a Comment

My Blog List