Wednesday, April 22, 2015

ကမ္ဘာ့ လက်နက်ဈေးကွက်တွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နိုင် ရန်တောင်ကိုရီးယား ကြိုးစားနေ


တောင်ကိုရီးယား သမ္မတ ပက်ဂွမ်ဟေး ယခုရက်သတ္တပတ် ပီရူးနိုင်ငံ တွင်ရပ်နားစဉ်၊ သူမ၏ သံတမန် လုပ်ငန်းတာဝန် များတွင် သူမ ၏နိုင်ငံလုပ် အပေါ့စား ဂျက်တိုက်လေယာဉ်များကို စိတ်ဝင်စားလာအောင် ဆွဲဆောင် ရန်လည်း ပါဝင်သည်။
ပက်မှာ စာချုပ် သစ်ချုပ် ဆိုရန် မဟုတ်သော် လည်းနိုင်ငံပိုင် ကိုရီးယား လေကြောင်း လုပ်ငန်း (Korea Aerospace Industries –KAI)မှာမူ ပီရူးနိုင်ငံ အား ကန်ဒေါ်လာ ၂ဘီလျံတန်ဖိုးရှိသည့် FA-50 ဂျက် တိုက်လေယာဉ် ၂၄စင်း ထုတ်လုပ်ပေးရန် စာချုပ်တစ်ခုအတွက် လည်ပတ် အလုပ်လုပ်နေ ရသည်။

ပက်၏ ကြိုးပမ်းမှုများမှာ တောင်ကိုရီးယား ကာကွယ်ရေးစက်မှုလုပ်ငန်းကို အင်အားကြီးပို့ကုန်နိုင်ငံအဖြစ် သို့ ပြောင်းလဲရန် ကျယ်ကျယ်ပြန့်ပြန့် တွန်းအားပေး လုပ်ဆောင်မှု၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။

တောင်ကိုရီးယား လက်နက်ထုတ်လုပ်သူများမှာ နှေးကွေးလေးလံသော ပြည်တွင်းဖွံ့ဖြိုးမှုကို ရင်ဆိုင် ကြုံတွေ့နေရသော်လည်း ကာကွယ်ရေး ပစ္စည်းတင် ပို့မှု မှာမူ ၂၀၀၂ခုနှစ်တွင် ကန်ဒေါ်လာ ၁၄၄သန်း ရှိခဲ့ရာမှ ယမန်နှစ်က ကန်ဒေါ်လာ ၃.၆ဘီလျံအထိ မြင့်တက်လာခဲ့သောကြောင့် လွန်ခဲ့သည့် ၅နှစ်အ တွင်း နှစ်စဉ် ၃၁ရာခိုင်နှုန်းမြင့် တက်လာနေ ခဲ့သည်။

ဆယ်စုနှစ် တစ်ခု ကြာမြောက်ကိုရီးယားနှင့် ရင်ဆိုင်နေရ သည့်ကာလ အတွင်း အများအားဖြင့် အမေရိကန် နည်းပညာဖြင့် ဖွံ့ဖြိုးလာခဲ့ သည့်တောင်ကိုရီးယား ကာကွယ်ရေးလုပ်ငန်းမှာ ၄င်း၏ အဓိက ပို့ကုန်ဈေးကွက် များဖြစ်သည့် အရှေ့တောင်အာရှကို ကျော်လွန်၍ လက်တင်အမေရိက၊ ဥရောပနှင့် အမေရိကန်ပြည်ထောင် စုဈေးကွက်များသို့ပါ လက်နက်များ ရောင်းချခြင်းဖြင့် ဖွံ့ဖြိုးမှုကို ရေရှည် ထိန်းသိမ်းထား ရန်မျှော်လင့်နေ သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List