Thursday, April 23, 2015

ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲသို့ တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည့် ဒေါက်တာအေးမောင်သည် SNLDကို ကိုယ်စားမပြုကြောင်းထုတ်ပြန်



 ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲသို့ လွှတ်တော်တွင်းရှိ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စားပြု တက်ရောက်ခဲ့သူဒေါက်တာအေးမောင်သည်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ကိုကိုယ်စားပြု တက်ရောက်ခဲ့ခြင်းမဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ဧပြီ ၂၂ ရက်တွင်ထုတ်ပြန် ချက်တစ်စောင် ထုတ်ပြန်သည်။
ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ နှင့်ပတ်သက်၍ ဒေါက်တာအေး မောင်က ဧရာဝတီသတင်းဌာန အား ဖြေကြား ရာတွင် တွေ့ဆုံ ဆွေးနွေးပွဲနောက် ပိုင်းရလဒ်နှင့် ပတ်သက်၍ တိုင်းရင်းသားများအား ရှင်းပြပြီးသွားပါပြီ ဟူ၍ ဖြေ ကြားခဲ့ကြောင်းတွေ့ရှိရပြီး သ ဘောတူညီမှု(agree)ဖြစ်ပြီးသား စကားလုံး များပြောကြားကြောင်း ယင်းထုတ်ပြန်ချက်၌ ပါရှိသည်။

ထို့အပြင် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါက်တာအေးမောင်နှင့်တွေ့ဆုံ ဆွေးနွေးမှု တစ်ကြိမ်မျှမရှိခဲ့ ကြောင်း၊ ခြောက်ပွင့်ဆိုင်တွေ့ဆုံ ပွဲတက်ရောက်စဉ်ကလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအ ဖွဲ့ချုပ်ကိုယ်စားပြုတက်ရောက်ခဲ့ခြင်း မဟုတ်ကြောင်း၊ ဆွေးနွေးပွဲအပြီး ပြန်လည်ရှင်းပြ သည်ဟု  ဆိုရာတွင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို ရှင်းပြခြင်းလုံးဝမရှိခဲ့ပါကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါက် တာအေးမောင်အား ဆက်သွယ်မေးမြန်းရာ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို ခြောက်ပွင့် ဆိုင်တွေ့ဆုံပွဲရလဒ်များနှင့် ပတ်သက်၍ ရှင်းပြခြင်းမပြုခဲ့သည်မှာ မှန်ကန်ကြောင်းပြန်လည်ဖြေကြား ခဲ့သည်။

‘‘ကျွန်တော်တို့ ခြောက်ပွင့် ဆိုင်အဆိုကို ၂၀၁၄နိုဝင်ဘာမှာ လွှတ်တော်မှာ အရေးကြီးအဆို တင်တုန်း က ပြည်ထောင်စုလွှတ် တော်အသိုက်အ၀န်းထဲမှာ SNLD (ရှမ်းတိုင်းရင်းသားများဒီမိုကရေ စီအဖွဲ့ချုပ်)က မရှိသေးပါဘူး။ ကျွန်တော်တို့ ခြောက်ပွင့်ဆိုင်မှာ တင်ပြဖို့ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေ ကြားထဲမှာအ ကြိမ်ကြိမ်ဆွေးနွေးမှုတွေလုပ်ခဲ့ ပါတယ်’’ဟုဒေါက်တာအေးမောင်ကပြောသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုတွင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များကို ကိုယ်စား ပြုပြီးတင်ပြနိုင် ရန် ပြည်ထောင်စုလွှတ်တော်အတွင်းရှိ တိုင်းရင်း သားလွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေး ရာတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)သာ ရှိနေပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) မရှိသေးကြောင်း၊ ထို့ကြောင့်ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုတင်ပြချက်များတွင် SNLD၏ သဘောတူညီချက် မပါဝင်ခြင်းမှာ မှန်ကန်ကြောင်း ၎င်းကပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်သည် ၁၉၉၀အထွေ ထွေရွေးကောက်ပွဲတွင် အနိုင်ရရှိ ခဲ့သော တိုင်းရင်းသားပါတီတစ်ခု ဖြစ်ကာ ၂၀၁၂ကြားဖြတ်ရွေး ကောက်ပွဲအပြီး နိုင်ငံရေးပါ တီအဖြစ် ပြန်လည်
မှတ်ပုံတင်ခဲ့ ခြင်းဖြစ်သော်လည်း လွှတ်တော် ရှိ SNDPမှ လွှတ်တော်ကိုယ်စားလှယ်များက SNLD သို့ ကူးပြောင်းလာသည့်အတွက် လက်ရှိတွင် SNLDပါတီ၌ လွှတ်တော်ကိုယ်စားလှယ် ၂၀ခန့်ရှိနေပြီဖြစ်သည်။

‘‘ကျွန်တော်တို့က အခုစာ ထုတ်တာက ကိုအေးမောင်ကြီးကို ကန့်ကွက်တာမဟုတ်ဘူး။ သူ ပြောတဲ့ Agree ဆိုတဲ့ဟာက ကျွန် တော်တို့နဲ့ ပတ်သက်လာတယ်။ ဘာကိုသဘောတူလဲဆိုတာကိုသိ ဖို့လိုပါတယ်။ အခု ရှုပ်မှနောင်ရှင်းဆိုတဲ့သဘောမျိုး ထုတ်ပြန်တာပါ’’ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူးဦးစိုင်းညွန့်လွင်ကပြောသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံမှု နှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် တွေ့ဆုံ ဆွေးနွေး ရန် ရှိကြောင်း ဒေါက်တာအေးမောင်ကဆိုသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲသို့တက်ရောက်ရန်နှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ရှိ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက နေပြည်တော်စည်ပင်ဧည့်ရိပ်သာအတွင်း ၂၀၁၄နိုဝင်ဘာ ၂၇ရက် နံနက်တွင် တွေ့ဆုံဆွေးနွေးကာ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ရွေးချယ်ခဲ့ခြင်းဖြစ် သည်။

ယခုလ ၁၀ရက်က နေပြည် တော်ရှိ သမ္မတအိမ်တော်၌သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်၊ ပြည်သူ့လွှတ်တော်နှင့်အမျိုး သားလွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ တိုင်းရင်းသား လွှတ်တော်ကိုယ် စားလှယ်ဒေါက်တာအေးမောင် တို့ ပါဝင်သည့်ခြောက်ပွင့်ဆိုင် နိုင်ငံရေးတွေ့ဆုံဆွေးနွေး မှုကိုပြုလုပ်ခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List