Thursday, April 23, 2015

၂၀၁၇ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ဥပေဒသစ် ထုတ်ပြန်


ဟောင်ကောင်အစိုးရက လာမယ့် ၂၀၁၇ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ဥပေဒသစ်တွေကို ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က ထုတ်ပြန်ပါ တယ်။ ပြီးခဲ့တဲ့နှစ်က ဟောင်ကောင်ကျောင်းသားပြည်သူတွေ ဆန္ဒပြ တောင်းဆိုခဲ့တဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲကျင်းပခွင့်ကို ပစ်ပယ်ခဲ့ပြီး တရုတ်ပြည်မက ပြဌာန်းတဲ့ အတိုင်း ရွေးကောက်ပွဲကိုယ်စားလှယ်တွေကို ရွေးချယ်ချပေးမှာ ဖြစ်ပါတယ်။
ဒီဥပဒေသစ်တွေကို ဟောင်ကောင်ဒုတိယအုပ်ချုပ်ရေးမှူး ကာရီလန်က ထုတ်ပြန်ခဲ့ပြီး ဟောင်ကောင်ဒီမို ကရေစီလှုပ်ရှားသူတွေကတော့ အတုအယောင်ဒီမိုကရေစီဆိုပြီး ရှုတ်ချနေကြပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဒီရွေးကောက်ပွဲဥပဒေတွေကို ထုတ်ပြန်ခဲ့တုန်းက လမ်းလျှောက်ချီတက်ပွဲတွေ ဖြစ် ပွားခဲ့ပြီး ပဋိပက္ခတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ဒုတိယအုပ်ချုပ်ရေးမှူး ကာရီလန်က ဒီရွေးကောက်ပွဲဥပဒေတွေ ဟာ ဟောင်ကောင် အခြေခံဥပဒေနဲ့ အညီ အလေးထား ရေးဆွဲထားပြီး တရုတ်ပြည်မ ဥပဒေပြုလွှတ်တော် ရဲ့ ပြဌာန်းချက်တွေနဲ့လည်း ကိုက်ညီတယ်အပြင် ဟောင်ကောင်ပြည်သူတွေရဲ့ တောင်းဆိုမှုတွေ ကိုလည်း ထည့်သွင်း စဉ်းစားပြီး ရေးဆွဲထားတယ်လို့ ပြောဆိုပါတယ်။

လာမယ့် ၂၀၁၇ အုပ်ချုပ်ရေးမှူးသစ်ရွေးကောက်ပွဲဟာ ၁၉၉၇ ဗြိတိန်နိုင်ငံက ပြန်လည်လွှဲပြောင်းပေး အပ်ပြီးနောက်ပိုင်း မဲပေးခွင့်ရှိသူ ပြည်သူ ၅ သန်းက ပထမဆုံး ရွေးချယ်မယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ တရုတ်အစိုးရက မထောက်ခံတဲ့သူတွေကို ဖယ်ထားပြီး ကျင်းပတဲ့ရွေး ကောက်ပွဲ ဖြစ်လို့ လုံးဝလွတ်လပ် တဲ့ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ဟောင်ကောင်ဒီမိုကရေစီ လှုပ်ရှားသူတွေ ကတော့ ပြောဆိုကြပါတယ်။

လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပြီးခဲ့တဲ့နှစ်က ဟောင်ကောင်ပြည်သူတွေ ၂ လကြာ ပိတ်ဆို့ဆန္ဒပြ ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ တရုတ်ပြည်မအစိုးရကတော့ တောင်းဆိုမှုတွေအားလုံးကို လုံးဝလိုက်လျော ပေး ခဲ့ခြင်းမရှိပဲ ဒီဇင်ဘာလမှာ ဆန္ဒပြစခန်းတွေကို ဖြုတ်သိမ်းခဲ့ပါတယ်။

DVB


No comments:

Post a Comment

My Blog List