Sunday, April 19, 2015

အစိုးရအပေါ်အကောင်းမြင်ရေးအမေရိကန်အကျိုးဆောင်အဖွဲ့ကို မြန်မာ ငှားရမ်း


မြန်မာအစိုးရသည် ဝါရှင်တန်တွင် ၎င်း၏ အကျိုးစီးပွားများကို ကိုယ်စားပြုဖော်ဆောင်ရန် အမေရိကန်အ ကျိုးဆောင်အဖွဲ့ Podesta Group ကို ငှားရမ်းလိုက်ကြောင်း ယခုသီတင်းပတ်တွင် မီဒီယာသတင်းဋ္ဌာန အချို့က ဖော်ပြခဲ့သည်။
Podesta Group ကို တိုနီပိုဒက်စ်တာနှင့် ဂျွန်ပိုဒက်စ်တာ ညီအစ်ကိုနှစ်ဦး တို့က တည်ထောင်ခဲ့ပြီး ဂျွန်ပို ဒက်စ်တာမှာ သမ္မတဟောင်း ဘီလ်ကလင်တန် လက်ထက်က အိမ်ဖြူတော်ရုံးအဖွဲ့အကြီးအကဲ တာဝန် ထမ်းဆောင်ခဲ့သည့် အပြင် လက်ရှိသမ္မတ ဘားရက်အိုဘားမား၏ အကြီးတန်းအကြံပေးအရာရှိ လည်းဖြစ် သည်။ ထို့အပြင် ဟီလာရီကလင်တန်၏၂၀၁၆ သမ္မတရွေးကောက် ပွဲအတွက်လည်း မဲဆွယ်စည်းရုံးရေး ဥက္ကဋ္ဌလည်းဖြစ်သည်။ မြန်မာအစိုးရနှင့် ပိုဒက်စ်တာအုပ်စုကြား ချိတ်ဆက်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ခန့်မှန်းပြောဆိုချက်များမှာ ယခုအခါပြန့်နှံ့လျက်ရှိသည်။

လွန်ခဲ့သည့်နှစ် မေလက ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ပြုလုပ်သော အစည်းအဝေးတစ်ခုသို့ ပိုဒက်စ် တာမှ အရာရှိများတက်ရောက်ချိန် ဆက်နွယ်မှုမှာ သတင်းခေါင်းကြီးပိုင်းများဖြစ်လာခဲ့သည်။

သို့သော်လည်း မကြာသေးမီက အာရုံစိုက်မိစေသည်မှာ ပိုဒက်စ်တာအုပ်စုက တရားရေးဋ္ဌာနသို့ ဧပြီလ ၁၀ ရက်က တင်ခဲ့သော အမှုတွဲတွင် မြန်မာအစိုးရ က ယင်းကုမ္ပဏီသို့ တစ်နှစ်လျင် ဒေါ်လာ ၈၄၀,၀၀၀ဖြင့်ငှား ရမ်းကြောင်း သိရှိရာမှ စတင်ခဲ့သည်။

ကုမ္ပဏီမှ ဆောင်ရွက်ပေးရမည့် လုပ်ရပ်များတွင် အမေရိကန်အစိုးရအပါအ၀င် အင်စတီကျူးရှင်းများနှင့် အဓိကကျသည့် ဆက်သွယ်ရေးစည်းမျဉ်းများ ခိုင်မာအောင်ပြုလုပ်ရာတွင် မဟာဗျူဟာမြောက် အကြံ များပေးရန်နှင့် အမေရိကန်ကွန်ဂရက်၊ အမှုဆောင်အဖွဲ့၊ မီဒီယာ၊ ပေါ်လစီအသိုင်းအဝိုင်းအပါအဝင် အနီး ကပ် သက်ဆိုင်ရာများနှင့် မြန်မာ-အမေရိကန်ဆက်ဆံရေးတွင် ဦးစားပေးကိစ္စများ ပြုလုပ်ရေးတွင် အကူအ ညီပေးရန်ဟု ဖော်ပြထားသည်။

ဝါရှင်တန်ရှိ အကျိုးဆောင်များကို မြန်မာက ဆယ်စုနှစ်တစ်နှစ်ကျော် ငှားရမ်းထားသည်မှာ ပထမဆုံးအ ကြိမ်ဖြစ်သည်ဟု The Hill သတင်းဌာနက ဖော်ပြခဲ့သည်။

မြန်မာအစိုးရအပေါ် အကောင်းမြင်ရေး အမေရိကန်အကျိုးဆောင်များကို ငှားရမ်းထားသော်လည်း မြန်မာ၏ အနာဂတ်လမ်းကြောင်းနှင့် ပတ်သက်၍ အမေရိကန်ကွန်ဂရက်အမတ်များ အပါအဝင် အချို့က စိုးရိမ်နေ လျက် ရှိသည်။

အဓိကအနေဖြင့် အရေးကြီးသည့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးတွင် အကောင်အထည် မပေါ်သေး သည့်အပြင် လူမျိုးစုပဋိပက္ခ၊ လူ့အသိုင်းအ၀ိုင်းနှစ်ခုကြားအကြမ်းဖက်မှုနှင့် ဆက်နွယ်နေသည့်ပြသနာများ လည်းရှိနေသေးသောကြောင့်ဖြစ်သည်။

"အမှန်တကယ်ပြုပြင်ပြောင်းလဲဖို့ထက် ဟန်ဆောင်ဖို့အတွက် မြန်မာဟာ ဝါရှင်တန်က အကျိုးဆောင်အဖွဲ့ ကို တစ်နှစ်ကို ဒေါ်လာရှစ်သိန်းလေးသောင်းပေးရပါလိမ့်မယ်" ဟုလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW မှ အမှုဆောင်ဒါရိုက်တာ ကက်နက်ရော့သ်က ဧပြီ ၁၅ ကတွစ်တာတွင်ရေးသားခဲ့သည်။

ထို့အပြင် ငှားရမ်းခပေးရသည့် ယင်းငွေများကို မြန်မာအစိုးရက မြန်မာပြည်သူများ၏ လူမှုဖူလုံရေး အသုံး စရိတ်အတွက်အသုံးပြုမည်ဆိုပါက ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် ဆက်ပြီးဆောင်ရွက်နိုင် မည် ဖြစ်ကြောင်းလည်း HRW ၏အာရှရေးရာတာဝန်ခံ Brad Adams က ပြောကြားခဲ့သည်။

အမေရိကန်အစိုးရနှင့် လွှတ်တော်ကိုစည်းရုံးရန် ပိုဒက်စ်တာကို ငှားရမ်းခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံ၏ အခြေအနေမှန်များကို အမေရိကန်အစိုးရနှင့် လွှတ်တော်က သိရှိထာပြီးဖြစ်သဖြင့် ယင်းသို့ငှားရမ်းမှုက အသုံးမ၀င်ဟု ဝေဖန်သူများလည်းရှိသည်။

Ref: The Diplomat
Mizzima - News in Burmese

No comments:

Post a Comment

My Blog List