Friday, April 24, 2015

"ယခုနှစ်ကျောင်းအပ်ရာသီမှစတင်ကာ မူလတန်း တက်ရောက်မည့် ကျောင်းသားများအား ကျောင်းဝတ်စုံတစ်စုံ စီပေးသွားမည်"


ယခုနှစ်ကျောင်းအပ်ရာသီမှစတင်ကာ မူလတန်းတက်ရောက်မည့်ကျောင်းသားများအား ကျောင်းဝတ်စုံတစ်စုံ စီပေး သွားမည်ဖြစ်ကြောင်း အမှတ်-၃ အခြေခံပညာဦးစီးဌာန စီမံဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၃ ရက်တွင် မီဒီယာများနှင့်တွေဆုံစဉ်တွင် ပြောသည်။
အခမဲ့ပညာရေးစနစ်အား အခြေခံပညာအလယ်တန်းအထိ အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် ကျောင်း သူကျောင်းသားများအား ကျောင်း ၀င်ကြေးအခမဲ့ မိဘဆရာအသင်းကြေးအခမဲ့ ၊ သင်ရိုး ညွှန်းတမ်းစာအုပ်အခမဲ့ အပြင် ငွေကျပ်တစ်ထောင်စီပေးအပ်ရာတွင် ယခုနှစ်အတွင် အဆိုပါငွေ တစ်ထောင်ကျပ်အစား ကျောင်းဝတ်စုံများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းက``မူလတန်းကျောင်းသားတွေကို ၀တ်စုံတစ်ယောက် တစ်စုံ စီပေးသွားဖို့ရှိတယ်။ မူလတန်းကျောင်း သားတွေကိုပေါ့ ဘတ်ဂျတ် လည်းဆွဲ ထားပြီးပြီ ဆိုဒ်အစုံရအောင်လည်းလုပ်ထားတယ်။နောက် အင်္ကျီသေး မှာ စိုးလိုတောင် အကောင်နည်းနည်းကြီးတဲ့ ကျောင်းသားလေးတွေ ကိုယ်တိုင် ယူပြီးချူပ်ဖို့ နမူနာပို့ လိုက်သေးတယ်´´ဟု ပြောသည်။

ယင်းကဲ့သို့ အခမဲ့ပညာရေးအစီအစဉ်အား အခြေခံပညာမူလတန်းမှ အလယ်တန်းအဆင့်အထိ တိုးမြင့်ပေး ခဲ့ပြီး ယခုနှစ်တွင်လည်း အထက်တန်း အဆင့်ကိုလည်း တိုးမြင့်ရန်အတွက် စီစဉ်လျက်ရှိကြောင်း သိရ သည်။

ညွှန်ကြားရေးမှူး(ပညာ)က``အထက်တန်းကိုတော့ အခမဲ့ပညာရေး ကိစ္စကဆွေးနွေးနေဆဲဖြစ်တယ်။ မူလတန်းကိုတော့ ၀တ်စုံပေးမယ်လို့ သိရတယ်။ ၀တ်စုံတွေလည်း ဂိုထောင်ထဲကထုတ်ပြီးသက်ဆိုင် ရာကျောင်းတွေကို ဖြန်ပြီးနေလောက်ပြီလိုသိရတယ်´´ဟုပြောသည်။

ယခုနှစ်တွင်ကျောင်းအပ်ရာသီတွင် ကျောင်းအပ်နှံမည့်အရွယ်ရောက်သည့် ကျောင်းသားများစာရင်း ကောက် ယူရာတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ၅နှစ်ပြည်ပြီးကျောင်းသားဦးရေ (၁၀၇၅၅၀)ဦးခန့်ရှိကြောင်း အမှတ်-(၃) အခြေခံပညာဦးစီးဌာနမှ သိရသည်။

The Ladies News Journal

No comments:

Post a Comment

My Blog List