ဟန်ဂေရီနိုင်ငံမှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံထဲ ဝင်ခွင့်ပေးတာကို တဖြေးဖြေး လျှော့ချဖို့ သြစတီးယားက စီစဉ်နေစဉ်မှာ တော့ ဂျာမနီပြည်သူတွေက ဝင်လာသူတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေ ကြပါတယ်။
သြစတီးယား အစိုးရက အရေးပေါ် ဝင်ခွင့်ပေးတဲ့ အစီအစဉ်ကို လျှော့ချမယ် လို့ ပြောဆိုခဲ့သလို ဥရောပ သမဂ္ဂ အီးယူအနေနဲ့ ဒီကိစ္စကို အရေးပေါ် ဆွေးနွေးမှု လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဂျာမနီနိုင်ငံမှာတော့ ရွှေ့ပြောင်းသူ ထောင်နဲ့ချီ ဝင်ရောက်လာနေပြီး ဂျာမာန်တွေကလည်း ကြိုဆိုနေပါ တယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတိုက်အနေနဲ့ ဒုက္ခသည်နေရာချထား ရေးနဲ့ ပတ်သက်ပြီး အကြီးမားဆုံး ပြဿနာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းသူအများစုဟာ အရှေ့အလယ်ပိုင်းကစစ်ပြေးဒုက္ခသည်တွေဖြစ်ကြပြီး ဥရောပတိုက်မှာ အချမ်း သာ ဆုံးနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အဲဒီလို လူတွေ အလုံးအရင်းလိုက် ဝင်နေတာနဲ့ ပတ်သက်ပြီး ဥရောပမှာ ငြင်းခုန်မှုတွေ ဖြစ်နေပြီးတော့ တချို့ကတော့ မွတ်စလင်ကို ဆန့်ကျင်ကြောင်း ပြောဆိုနေကြပါတယ်။
သြစတီးယား နိုင်ငံကတော့ သူ့နိုင်ငံထဲ လူပေါင်း ၁၂၀၀၀ လောက် ဝင်ရောက်လာပြီ ဖြစ်တဲ့အတွက် ဝင်ခွင့် လျှော့ချတော့မယ်လို့ ပြောပါတယ်။
ဂျာမနီနိုင်ငံထဲကိုတော့ ရထားတွေနဲ့ ရောက်လာသူတွေ ရှိသလို ခြေလျင် လျှောက်လာသူတွေလည်း ရှိပါ တယ်။
သူတို့ကို စီစဉ်ထားတဲ့နေရာမှာ ပို့ဆောင်နေပြီး လိုအပ်တဲ့ အစားအသောက် တွေ၊ ကျန်းမာရေးစစ်ဆေးမှု တွေ လုပ်ပေးထားပါတယ်။
ဂျာမနီနိုင်ငံထဲ ရောက်လာတဲ့ လူတွေကို ဂျာမာန်ပြည်သူတွေက ကြိုဆိုနေ ကြပြီး တချို့ကတော့ ရောက် လာတဲ့ ကလေးငယ်တွေအတွက် အရုပ်တွေပါ ယူဆောင်လာခဲ့ပါတယ်။
ဂျာမနီအစိုးရကတော့ ဒီနှစ်အတွင်း ခိုလှုံခွင့်တောင်းသူ လူပေါင်း ၈၀၀၀၀၀ (ရှစ်သိန်း) လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး အဲဒီအတွက် ဒေါ်လာ ၁၆.၁ ဘီလီယံလောက် ကုန်ကျမယ်လို့ ခန့်မှန်းနေပါတယ်။
ခိုလှုံခွင့် တောင်းလိုသူတွေအတွက် တခြား ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကလည်း သူတို့ နိုင်ငံရဲ့ တံခါး ကို ဖွင့်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။
ကက်သလစ်ဘာသာဂိုဏ်းချုပ် ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်ကလည်း ခိုလှုံခွင့် တောင်းလိုသူတွေကို နေ စရာ၊ စားစရာတွေ ပေးဖို့ ဘာသာဝင်တွေကို တိုက် တွန်းလိုက်ပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ အဖိုးဖြစ်သူဟာ အီတလီနိုင်ငံသားဖြစ်ပေမယ့် နောက် ပိုင်းမှာ အာဂျင်တီးနားနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ရသူ ဖြစ်ပါတယ်။
ဗာတီကန်နန်းတော်မှာ ခိုလှုံခွင့်တောင်းလိုသူတွေကို လက်ခံမှာ ဖြစ်သလို အီတလီနဲ့ ဂျာမနီမှာ ရှိတဲ့ ကက်သလစ်ဘာသာဝင်တွေကလည်း နေအိမ်မှာ ခိုလှုံခွင့်တောင်းလိုသူတွေကို လက်ခံဖို့ ပုပ်ရဟန်းမင်းကြီး က တိုက်တွန်းလိုက်ပါတယ်။
ဗြိတိန်နိုင်ငံကလည်း ဆီးရီးယားနိုင်ငံက ဒုက္ခသည် အယောက်ပေါင်း တစ်သောင်းခွဲကို လက်ခံဖို့ရှိတဲ့အ ကြောင်း ဆန်းဒေးထိုင်းမ်စ် သတင်းမှာ ဖော်ပြထားပါတယ်။
အခုလောလောဆယ် အီတလီ၊ ဂရိကနေ ဟန်ဂေရီ အထိ ရောက်ရှိနေတဲ့ ခိုလှုံခွင့် တောင်းလိုသူ လူပေါင်း ၁၂၀၀၀၀ လောက်ရှိတယ်လို့လည်း သိရပါတယ်။
ABC
No comments:
Post a Comment