Thursday, September 10, 2015

အိန္ဒိယစစ်တပ်က မြန်မာပိုင်နက်ထဲ ၃ ကီလိုမီတာခန့် ၀င်ရောက်၍ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များကို ချေမှုန်း


အိန္ဒိယစစ်တပ်က မြန်မာနိုင်ငံ တမူးအရှေ့မြောက်ပိုင်းသို့ ၃ ကီလိုမီတာအထိ ၀င်ရောက်၍ မဏိပူရကိုယ် ပိုင်အုပ်ချုပ်ခွင့်ရရေး တိုက်ပွဲဝင်နေသော PLA တပ်ဖွဲ့ဝင်များကို ချေမှုန်းခဲ့ကြောင်း သတင်းရရှိသည်။ 

မဏိပူရ အခြေစိုက် ပြည်သူ့လွတ်မြောက်ရေးတပ် PLA ၏လက်ချက်ဖြင့် တပ်သား ၁၈ ဦးကျဆုံးခဲ့ရခြင်းကို လက်တုံ့ပြန်သည့်အနေနှင့် စက်တင်ဘာ ၅ ရက်နေ့ကအာသံရိုင်ဖယ်တပ်၊ တပ်ရင်း ၁၁ က ယင်းသို့ ၀င် ရောက်တိုက် ခိုက်ခြင်းဖြစ်သည်။ အိန္ဒိယစစ်တပ်သည် လွန်ခဲ့သော ၃ လခန့်ကလည်း မြန်မာနိုင်ငံထဲ ၀င် ရောက်၍ တိုက်ခိုက်ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်။ 

နယူးဒေလီမှ အိန္ဒိယစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက ၂ နိုင်ငံ နယ်စပ်တွင် သာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခဲ့ခြင်း မရှိဟုဆိုသော်လည်း အိန္ဒယစစ်တပ်၏ ၎င်းထိုးစစ်ကို မြန်မာစစ်တပ် က ကြိုတင်သိရှိကြောင်း ခန့်မှန်းရသည်။

ဇွန်လအတွင်း အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး အာဂျစ်ဒိုဗယ် နေပြည်တော်သို့လာရောက်ခဲ့စဉ်က မြန်မာနယ်နိမိတ်ကို အသုံးပြု၍ အိန္ဒိယစစ်တပ်ကို တိုက်ခိုက်နေသော လက်နက်ကိုင်များကို ချေမှုန်းရာတွင် အိန္ဒိယစစ်တပ်ကို မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ချေမှုန်းခွင့်ပြုရန် ညှိနှိုင်းအောင်မြင်ခဲ့ကြောင်း သတင်းရင် မြစ်များထံမှ သိရသည်။

အဆိုပါတိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး PLA တပ်သား ၃ ဦး ကျဆုံး ခဲ့ကြောင်း သိရသည်။ PLA အဖွဲ့ သည် ၁၉၇၈ က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မဏိပူရလွပ်လပ်ရေးအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်သည်။ 

စစ်ကိုင်းတိုင်းတွင်း၌ ၎င်းတို့၏တပ်စခန်းများ ရှိကြောင်း သိရသည်။

Ref ; DnaIndia
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List