Wednesday, September 09, 2015

အမျိုးသားဒီမိုကရေစီပါတီသစ်မှ လက်ရှိတိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ချခံရ


ပြည်လုံးကျွတ် ပါတီစုံအထွေထွေ ဒီမိုကရေစီရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် အမျိုးသား ဒီမိုကရေ စီပါတီသစ်မှ ကိုယ်စားလှယ်လောင်း ၂၈ ယောက်တင်သွင်းရာတွင် ရန်ကုန်တိုင်း ဒေသကြီးလွှတ် တော် သင်္ဃန်းကျွန်းမြို့နယ် မဲဆန်္ဒနယ်အမှတ်(၂)တွင် ၀င်ပြိုင်ရန် ကိုယ်စားလောင်း အဖြစ် တင်သွင်းခဲ့သူ ဒေါ်စန်းစန်းမြင့်ကို ပယ်ချခဲ့ကြောင်း သိ ရသည်။

““ရန်ကုန်အရှေ့ပိုင်းခရိုင်ကော်မရှင် က ဒေါ်စန်းစန်းမြင့်ရဲ့ လျှောက်လွှာကို ပယ်ချခဲ့တယ်။ အကြောင်းပြ ချက်ကတော့ သူ့ရဲ့မိဘနှစ်ပါးက နိုင်ငံသားလက် မှတ် ကိုင်ဆောင်ထားသူမဟုတ်တဲ့အတွက် ကြောင့်မိုလို့ ဆိုပြီး ရွေးကောက်ပွဲ ဥပဒေ ၈(ခ)၊ ၁၀(င)နဲ့ ငြိတယ်ဆိုပြီးတော့ သြ ဂုတ်လ ၂၄ ရက်နေ့က ထုတ်ပြန်လာ တယ်””ဟု အမျိုးသားဒီမိုကရေစီ ပါတီ သစ်မှ ဦးကျော်က ရှင်းပြသည်။

ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ် ချခံရသူ ဒေါ်စန်းစန်းမြင့်သည် ၂၀၁၀ တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုက ရေစီအထွေထွေ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန်္ဒနယ်အမှတ် (၂)မှ တိုင်းဒေသ ကြီး  လွှတ်တော်ကိုယ် စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသူ ဖြစ် သည်။

““၂၀၁၀ ရွေးကောက်ပွဲတုန်းက ဒေါ်စန်းစန်းမြင့်က သူ့ရဲ့မိဘနှစ်ဦးရဲ့ မှတ်ပုံတင်နံပါတ်ကို ဖော်ပြတဲ့အခါမှာ သူကမ မှတ်မိလို့ရေးတဲ့အတွက် ကြောင့်မိုလို့ အ ရှေ့ပိုင်းခရိုင်ကော်မရှင်က စိစစ်တဲ့အခါ မှာ ကိုယ်ပိုင်ခံဝန် ချက်လုပ်ပါဆိုလို့ ဒေါ် စန်းစန်းမြင့် ကိုယ်တိုင်လက်မှတ်ထိုးတယ်။ ကျွန်မ (၅) နှစ်သမီးအရွယ်ကတည်းက မိဘနှစ်ပါးစလုံးသည် ရှေ့နောက်ကွယ် လွန်သွားတဲ့ အတွက်ကြောင့် သူတို့ရဲ့ မှတ်ပုံတင်နံပါတ်ကို သိရှိ ခဲ့ခြင်း မရှိပါ။ ကျွန်မကို အဒေါ်ဖြစ်သူမှ ပြုစုမွေးမြူပြီး  ကြီးပြင်းလာရတာဖြစ်တယ်လို့ ခံဝန်ချုပ် ပေးခဲ့တယ်”” ဟု ဦးကျော်က ဆက်လက် ရှင်းပြသည်။

ဒေါ်စန်းစန်းမြင့်ကို ရန်ကုန်အရှေ့ ပိုင်းခရိုင်ကော်မရှင်မှ ပယ်ချခဲ့သော ကြောင့် သြဂုတ်လ ၁၇ ရက်နေ့တွင် တိုင်းဒေသကြီးကော်မရှင်သို့ ဆက်လက် အယူခံတင်ခဲ့ခြင်းအပေါ် စက်တင်ဘာ ၃ ရက်နေ့တွင် တိုင်းဒေသ ကြီးကော်မ ရှင်မှ ခေါ်ယူစစ်ဆေးခဲ့သည်။ ““ရွေးကောက်ပွဲဥပဒေအရ ၇ ရက်အတွင်း ကြားနာရမယ်ဆို သော်လည်း စက်တင်ဘာ ၂ ရက်နေ့မှာ ပြည့်တယ်။ ဒါကို စက်တင်ဘာ ၃ ရက်နေ့ကြားနာ တာကို ဒေါ်စန်း စန်းမြင့် သွားနားထောင် ခဲ့တယ်။ တိုင်းဒေသကြီးကလည်း ခရိုင်ရဲ့ အတည်ပြုချက်အတိုင်း ဆုံးဖြတ် ခဲ့ တယ်””ဟု  ဦးကျော်က ပြောသည်။

ဒေါ်စန်းစန်းမြင့်ဖခင်၏ နိုင်ငံသား ဖြစ်မှုနှင့် စပ်လျဉ်း၍ ဒေါ်စန်းစန်းမြင့်က ရှင်းလင်းစွာ တင်ပြနိုင်မှုမရှိသည့် အပြင်၊ စိစစ်ချက်အရလည်း ဒေါ်စန်းစန်း မြင့်၏ ဖခင်၊ ဒေါ်စန်းစန်းမြင့်မွေးဖွားချိန်က နိုင်ငံသားဖြစ်ကြောင်း ထင်ရှား ခြင်းမရှိ  ကြောင်း၊ ဒေါ်စန်းစန်းမြင့်သည် နိုင်ငံသား မိဘနှစ်ပါးမှမွေးဖွား သော နိုင်ငံသားဖြစ် ကြောင်း မခိုင်လုံသဖြင့် တိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၈(ခ)ပါ အရည်အချင်းသတ် မှတ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း၊ ဒေါ်စန်းစန်းမြင့် သည် မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေး သော ဖခင် မှမွေးဖွားသည်ဟု ကောက်ယူ နိုင်သဖြင့် တိုင်းဒေသကြီးလွှတ်တော်ရွေး ကောက်ပွဲဥပဒေပုဒ်မ ၁၀(င)နှင့်ငြိစွန်းမှု ရှိကြောင်း ပေါ်ပေါက်နေ၍ ရန်ကုန်အ ရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော် မရှင် အဖွဲ့ခွဲ၏ ဆုံးဖြတ်ချက်ကို အတည်ပြု သည်ဟု ရန်ကုန်တိုင်းဒေကြီး ရွေးကောက် ပွဲကော်မရှင်မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

““နိုင်ငံသားဖြစ်ကြောင်းကို လ၀က ကနေ သဘောထားပေးရတယ်။ လ၀က ရဲ့သဘောထားကို မယူဘဲနဲ့ ဆုံးဖြတ်ခြင်း ဟာ ဥပဒေနဲ့မညီဘူးလို့ မြင်တယ်။ သူ မသိတာကို မသိဘူးလို့ ရိုးသားစွာကတိ ပြုတယ်။ သူကလေးဘ၀တုန်းက သူ့ရဲ့ မိဘတွေနေထိုင်ခဲ့တဲ့ မြို့နယ်တွေကို စိစစ် မှသာ ဒါမှန်ကန်မှု ရနိုင်မှာ ဖြစ်ပြီး အ ထောက်အထား ခိုင်လုံလိမ့်မယ်။ အခု တော့ ကောက်ယူတယ်ဆို တာ တစ်ဖက် သတ်ဆွဲခြင်းသာ ဖြစ်တယ်။ ကိုယ်လိုချင် ရာကို ဆွဲတဲ့အတွက် ဥပဒေအရ အငြင်း ပွားဖွယ်ရာဖြစ်လာတတ်တယ်။ မခိုင်လုံ တဲ့ဟာကို မှတ်ယူတယ်လို့ ကောက်ချက် ချလို့ မရနိုင်ဘူး။ အဲဒီလိုစိစစ်ရင်း ဒေါ် စန်းစန်းမြင့်မိဘနှစ်ပါးဟာ နိုင်ငံသားဖြစ် နေပြီဆိုရင် အခုဆုံးဖြတ်ချက်က စွပ်စွဲခံ ရသူအတွက် နစ်နာစေနိုင်တယ်””  ဟု ဦးကျော်က သုံးသပ်ပြော ဆိုသည်။

Hot News Journal

No comments:

Post a Comment

My Blog List