Saturday, September 12, 2015

ပြောင်းလဲချိန်တန်ပြီဟု ဆိုသူများ မိမိကိုယ်တိုင် ပြောင်းလဲရန် လိုအပ်ဟု ဗိုလ်ချုပ်ကြီး (ငြိမ်း) ဝေလွင် ပြောကြား


လက်ရှိ နိုင်ငံရေး အခြေအနေကို ပြောင်းလဲသင့်ပြီဟု ပြောဆိုသူများသည် မိမိကိုယ်တိုင် ပြောင်းလဲရန် လိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးဝေလွင် က ပြောကြားသည်။

စက်တင်ဘာ ၁၁ ရက်က ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် ပုပ္ဗသီရိမြို့နယ် ဒေသခံများနှင့် တွေ့ဆုံ၍ မဲဆွယ် စည်းရုံးစဉ် ပြိုင်ဘက်ပါတီ၏ မဲဆွယ်သည့် စာသားအပေါ် ယင်းကဲ့သို့ ဝေဖန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ပြောင်းလဲချင်တယ်၊ ပြောင်းလဲချင်တယ်ပြောပြီး ကိုယ်ကိုယ်တိုင် ပြောင်းလဲဖို့ မေ့နေတဲ့သူတွေလည်း ရှိတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် နိုင်ငံတွင် အမှန်တကယ် ဖြစ်နေသော ဘဝကို မေ့နေပြီး မလိုအပ်ဘဲ ဆန္ဒစောမှုများ ဖြစ်နေ ကြောင်း ချင့်ချိန်နှိုင်းဆ ပြောင်းလဲ နေသည့် ပါတီမှာ ကြံ့ခိုင်ရေးပါတီသာ ဖြစ်ကြောင်း ပုပ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝေလွင်က ထပ်လောင်း ပြောဆိုသည်။

“ကျွန်တော် ဒီရွာကိုလာတာ အမြင်ကျဉ်းကျဉ်းနဲ့ ငါမဲရရင်ပြီးရော၊ ငါအရွေးခံရရင် ပြီးရောဆိုတဲ့ စိတ်ဓာတ် တစ်ခုထဲနဲ့ ကျွန်တော် လာတာ မဟုတ်ဘူး ဆိုတာ ဒေသခံ ပုဂ္ဂိုလ်တွေ သိစေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးဝေလွင်အပြင် အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းနှင့် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းများသည် စက်တင်ဘာ ၁၀ ရက်မှ စတင်မဲဆွယ် ခဲ့သည်။

(ကိုပေါက်)
The Voice Weekly

No comments:

Post a Comment

My Blog List