Thursday, September 10, 2015

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပါဝင်နိုင်ရေးမူကို သမ္မတ သဘောတူ



နေပြည်တော်တွင် ကျင်းပခဲ့သည့် သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ထိပ်သီးခေါင်း ဆောင်များ ဆွေးနွေးမှုမှ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပါဝင်ရေးမူကို အစိုးရဘက်မှ သဘောတူလိုက် ပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံလုံးဆိုင်ရာ အပစ် ရပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်မည့်အဖွဲ့များ ( သို့မဟုတ်) ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံးပါဝင်ခွင့်မူနှင့်ပတ်သက်၍ သမ္မတ နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ထိပ်သီးခေါင်းဆောင် ၉ ဦးတို့သည် စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်တွင် ဆွေးနွေးခဲ့ကြ ပြီး အားလုံးပါဝင်နိုင်ရေးအတွက် အဆင့်ဆင့် ချမှတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
"အားလုံးပါဝင်ရေးမူနဲ့ ပတ်သက်လို့ အဆင့်အလိုက်သွားမယ်။ လက်မှတ် ထိုးဖို့က ၁၅ ဖွဲ့ပဲ လက်ခံမယ်။ AA နဲ့ TNLA ကို ထပ်ညှိ မယ် ၊ တအာင်း TNLA က တဖွဲ့ချင်းစီဆွေးနွေးပြီးနိုင်ငံရေး ဆွေးနွေး ပွဲ ရောက်အောင် လုပ်ပေး မယ်။ ကျန်သုံးဖွဲ့က နိုင်ငံရေးဆွေး နွေးပွဲမှလာမယ် ။ ကိုးကန့်ကတော့ သမ္မတ က သီးသန့် ဆွေးနွေးမယ်။ အားလုံးကို အနိမ့်ဆုံးနိုင်ငံရေးဆွေးနွေးမှုမှာ ပါဝင်ခွင့်ရ အောင် ဆွဲခေါ်သွားဖို့ ရှိနေတယ် " ဟု ဆွေးနွေးပွဲတက်ရောက် ခဲ့သည့် NCCT နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဗဟိုညှိနှိုင်းမှု အဖွဲ့မှ ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

ယခုဆွေးနွေးပွဲမတိုင်မှီအထိ အပစ်ရပ် လက်မှတ်ရေးထိုးရာတွင် အဖွဲ့ ၁၅ ဖွဲ့သာ ပါဝင်ရန် အစိုးရ ဘက်မှ လက်ခံထားခဲ့ပြီး တိုင်းရင်း သား လက်နက် ကိုင်အဖွဲ့များမှာ ၂၁ ဖွဲ့အထိ ရှိနေ သည်။ လက်မှတ်ရေးထိုးရာတွင် ပါဝင်ခွင့် မရှိသည့် ၆ ဖွဲ့မှာ AA ရက္ခိုင့်တပ် မတော် ၊ ကိုးကန့် MNDAA ၊ တအာင်း ပလောင် အမျိုးသား တပ်မတော် TNLA ၊ ၀ WNO ၊ လားဟူ LDU ၊ရခိုင် ANC စသည့်အဖွဲ့ များဖြစ်သည်။

"ကိုးကန့်ကိုတော့ လက်မခံသေးဘူး။ ဒါပေမဲ့ အားလုံးပါဝင်ရေးမူကို လက်ခံ ထားပြီ ဖြစ်တဲ့အတွက် သမ္မတ ရုံး အစီစဉ်နဲ့ သီးခြား ညှိနှိုင်းပေးသွားဖို့ ရှိနေတယ်" ဟု သမ္မတရုံးတာဝန်ရှိသူက ပြောသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးပြုလုပ်ရာတွင် ပါဝင်ရမည့် အဖွဲ့များ အဖြစ် KIO ကချင်လွတ် မြောက်ရေးအဖွဲ့ ၊ သျှမ်းပြည်တိုး တက်ရေးပါတီ SSPP/SSA ၊သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ၊ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးအဖွဲ့ ချုပ် PNLO ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၊ UWSA ၀ တပ်ဖွဲ့ ၊ မိုင်းလား NDAA ၊ ကရင်အမျိုး သားအစည်းအရုံး KNU ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNUPC ၊ DKBA ကလိုထူးဘော ၊ မွန်ပြည်သစ်ပါတီ MNSP ၊ ကျောင်း သား တပ်ဖွဲ့ ABSDF ၊ ချင်း CNF ၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP ၊ NSCN - K နာဂ စသည့် အဖွဲ့များမှာ ပါဝင်လက်မှတ်ရေးထိုးရမည်ဟု အစိုးရဘက်မှ သတ်မှတ်ထား ပါသည်။

MNDAA ကိုးကန့်အဖွဲ့နှင့်ပတ်သက်၍မူ သမ္မတရုံးမှ တိုက်ရိုက်ညှိနှိုင်းမည်ဟုသိရပြီး လေ့လာသူ အချို့ကမူ လက်နက်ချမှ နိုင်ငံရေး ဆွေးနွေးပွဲပေး တက်မည့် အနေထားဖြစ်နိုင်သည်ဟု ခန့်မှန်းကြ သည်။

လက်မှတ်ရေးထိုးရန်အတွက် အစိုးရဘက်မှ စက်တင်ဘာလ ၂၉ ရက်နေ့ တွင် ပြုလုပ်ရန် ကမ်းလှမ်းခဲ့သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ ဘက်မှ အောက်တိုဘာလ ဒုတိယအပတ်တွင်မှ ပြုလုပ်ရန် တင်ပြထားေ ကြာင်း ဆွေးနွေးမှုအပြီးပြု လုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောဆို ချက်အရသိရသည်။

ပါဝင်လက်မှတ်ရေးထိုးရန်အတွက်မူ တဖွဲ့ချင်းစီ အလိုက်ဆုံးဖြတ်ရ မည်ဖြစ် ကြောင်း လည်း ဖဒိုကွယ်ထူးဝင်းက ဆွေးနွေးမှုအပြီး သတင်းစာ ရှင်းလင်းရာ တွင် ပြောဆိုသည်။

UWSA ၀ တပ်ဖွဲ့မှ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရာတွင် ပါဝင်လက်မှတ်ေ ရးထိုးမည် မဟုတ်ကြောင်း စက်တင်ဘာလ ၄ ရက် နေ့က ထုတ်ပြန်ကြေငြာ ထားသည်။

ဓါတ်ပုံ- ဘီဘီစီမှကူးယူဖော်ပြသည်
Panglong(Burmese)

No comments:

Post a Comment

My Blog List