Friday, September 11, 2015

ဒုက္ခသည်ကို ကန်တဲ့ ကင်မရာအမျိုးသမီး စစ်ဆေးခံရ


ဟန်ဂေရီနိုင်ငံ နယ်စပ်လုံခြုံရေးသမားတွေရဲ့ လက်ထဲကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ကင်မရာ အမျိုးသမီးက ခြေခတ်ပြီး လဲကျအောင် လုပ်ခဲ့တဲ့အတွက် ကင်မရာသမား စုံစမ်းစစ်ဆေးခံနေရပါတယ်။ ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေကို လဲကျသွားအောင် ကင်မရာအမျိုးသမီးက ခြေခတ်ခဲ့တာကို တခြား ကင်မရာသမားတွေက ရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီ ဗီဒီယို ပြန့်နှံ့သွားပြီးနောက် အဲဒီအမျိုးသမီးကို တရားစွဲဆို နေတာ ဖြစ်ပါတယ်။

ကင်မရာ အမျိုးသမီးရဲ့ နာမည်က Petra Laszlo ဖြစ်ပြီး ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေကို ခြေခတ်ပြီး လဲကျသွားတဲ့အခါ ဗီဒီယို ရိုက်ခဲ့တာတွေအပြင် ကလေးငယ်ကို ပွေ့ချီပြီး ပြေးနေတဲ့လူကိုပါ တမင်လဲကျ အောင် လုပ်တဲ့အတွက် ကမ္ဘာတဝှမ်းက လူတွေက အဲဒီ အမျိုးသမီးကို ဝိုင်းဆဲနေကြတာ ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးဟာ N1TV လို့ခေါ်တဲ့ အင်တာနက် အခြေစိုက် ရုပ်မြင်ဗီဒီယို တွေကို ထွင့်လွှင့်တဲ့ဌာနက ဖြစ်ပြီး အဲဒီ ဌာနဟာ ညာဖက်ယိမ်းတဲ့ ဌာနဖြစ်တယ်လို့ လူတွေက သိရှိသွားတာ ဖြစ်ပါတယ်။

အဲဒီဗီဒီယို ထွက်ပေါ်လာပြီးနောက် ဟန်ဂေရီနိုင်ငံက နိုင်ငံရေး ပါတီငယ် နှစ်ခုက အဲဒီ ကင်မရာသမား အမျိုးသမီးကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။

လူအများစုကတော့ အဲဒီအမျိုးသမီးကို ကိုယ်ချင်းစာစိတ် မရှိတဲ့လူ၊ ရက်စက်တဲ့လူအပြင် သတင်းသမား လုပ်ပြီး သတင်းသမား မပီသသူ အဖြစ် ဆဲဆိုနေကြပါတယ်။

ကင်မရာ အမျိုးသမီး Petra Laszlo ကတော့ သူ့ရဲ့ လုပ်ရပ်တွေနဲ့ သူ့အပေါ် ဝေဖန်ခဲ့တဲ့အပေါ် တုန့်ပြန်မှု လုပ်ထားတာ မတွေ့ရသေးပါဘူး။

ABC


No comments:

Post a Comment

My Blog List