Thursday, September 10, 2015

ရန်ကုန် ပြည်ခိုင်ဖြိုးအမတ်များ မဲဆွယ်စည်းရုံးကာလ၏ ဒုတိယအပတ်မှသာ မဲဆွယ်နိုင်မည် ဟုပြော


မဲဆွယ်စည်းရုံးရေး စတင်နိုင်ရန် ရွေးကောက်ပွဲကော်မရှင်သို့ ခွင့်ပြုချက် တင်ပြထားဆဲဖြစ် သဖြင့် ရန်ကုန် ပြည်ခိုင်ဖြိုးအမတ်လောင်းများ၏ မဲဆွယ်စည်းရုံးမှုကို သတ်မှတ်ကာလ၏ ဒုတိယအပတ်မှသာ စတင်နိုင် မည်ဟု ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးသာဝင်းက မဇ္ဈိမကို ပြောသည်။

"ဥပဒေနဲ့အညီ လုပ်ရတယ်။ ဆိုင်းဘုတ်တင်ရင် စည်ပင်ကိုအသိပေးပြီး ခွင့်ပြုတာကို လုပ်ရတာ။ ဟောပြော ဖို့ကို ကော်မရှင်ကို တင်ပြီး ခွင့်ပြုချိန်၊ နေရာစောင့်ပြီးမှ လုပ်လို့ ရတယ်။ ဒီတစ်ပတ်အ တွင်းတော့ လှုပ်ရှား မှု သိပ်လုပ်နိုင်ဦးမှာမဟုတ်သေးဘူး။ နောက်ဆုံးတစ်လ အလိုကျရင်တော့အင်တိုက်အားတိုက် ဖြစ်လာလိမ့် မယ်" ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးသာဝင်းသည်လည်း ရန်ကင်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် သို့ ဝင်ပြိုင်မည့် အမတ်လောင်းတစ်ဦး ဖြစ်သည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ရန်ကုန်တိုင်း လွှတ်တော်အတွက် ဝင်ပြိုင်မည့် ပြည်ခိုင် ဖြိုး အမတ်လောင်း ဦးဝင်းလှိုင်ကလည်း "ကျွန်တော်တို့ ခွင့်ပြုချက်တွေ တင်ထားတယ်။ အခုတော့ အရင် ပုံမှန်လုပ်သလိုပဲ တစ်အိမ်တက်ဆင်း ပြည်သူတွေရဲ့ အခက်အခဲတွေ၊ ဧည့်စာရင်းနဲ့ နေသူတွေ မဲစာရင်း လျှောက်ဖို့ လိုက်နှိုးဆော်နေတာ လုပ်နေတယ်" ဟု ပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင်ပြိုင်ကြမည့် အမတ်လောင်းများကို မဲဆွယ်စည်းရုံးရေးကာလ အဖြစ်စက်တင် ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်ထိ ရက်ပေါင်း ၆၀ ခွင့်ပြုထားသည်။

မဲဆွယ်စည်းရုံးရေး ကာလအတွင်း မဲဆွယ်ဟောပြောမည့်သူများ၊ လှည့်လည်မဲဆွယ်မည့် အမတ်လောင်း များသည် ၎င်းတို့ ပြုလုပ်မည့် ရက်မတိုင်မီ ၇ ရက် ကြိုတင်ကာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် များသို့ အသိပေး လျှောက်ထားရမည်ဟု မဲဆွယ်စည်းရုံးမှု ညွှန်ကြားလွှာ ၁/၂၀၁၄ တွင် ထည့်သွင်းထား သည်။

"ကော်မရှင်ကို အသိပေးခိုင်းတာက လူနှစ်ယောက် ထပ်နေတာမျိုး၊ ပါတီနှစ်ခု ဖြစ်နေတာမျိုး၊ ခန်းမတစ်ခု တည်း အပြိုင်ဖြစ်နေတာတွေကို သက်ဆိုင်ရာနဲ့ ညှိနှိုင်းပေးချင်တာ။ မတင်လို့ သူတို့ဘာ သာလုပ်ရင် လည်းကိုယ်တိုင် တာဝန်ယူရမယ်" ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် ညွှန်ကြားရေးမှူး စိုင်းကျော်သူက မဇ္ဈိမကို ပြောသည်။

ပါတီများက သက်ဆိုင်ရာကော်မရှင်များကို အသိပေးတင်ပြပြီး ယင်းမှတစ်ဆင့် ကော်မရှင်က အသိပေးလာ မှုပေါ် မူတည်ပြီး လိုအပ်သည့် လုံခြုံရေး လုပ်ငန်းကို ဆောင်ရွက်နိုင်ရန် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနများက ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးရမည်ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ဌေး က မဇ္ဈိမကို ပြောသည်။

"အခုချိန်ထိတော့ ကျွန်တော့်အရှေ့ပိုင်းခရိုင်ထဲမှာ မဲဆွယ်စည်းရုံး၊ ဟောပြောပွဲတွေ လုပ်မယ် ဆိုပြီး ကော်မရှင်တွေက အသိပေးလာတာ မရှိသေးဘူး။ ရှိလာရင်တော့ ကျွန်တော်တို့က လုံခြုံရေးရ နိုင်ဖို့ အခြေအနေတွေကို လုပ်ပေးရမှာပါ" ဟု ၎င်းက ပြောသည်။

နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲကို နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်မှ အမတ် လောင်း ၆,၀၀၀ ကျော်တို့က ယှဉ်ပြိုင်မည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List