Wednesday, September 09, 2015

NLD ပါတီ၏ပထမဆုံးအောင်နိုင်ရေးရုံးခန်း ဗဟန်းမြို့နယ်၌ဖွင့်လှစ်


၂၀၁၅ ရွေးကောက်ပွဲအတွက် NLD ပါတီ၏ ပထမဆုံးအောင်နိုင်ရေးရုံးခန်းကို ဗဟန်းမြို့နယ် အနောက် မြင်းပြိုင်ကွင်းလမ်းအမှတ် ၁၄၅ ပထမထပ်တွင် ဖွင့်လှစ်ခဲ့သည်။ ယင်းဖွင့်ပွဲသို့ NLD ပါတီမှ ဗဟိုအလုပ်အမှု ဆောင် ဦးဥာဏ်ဝင်းတက်ရောက် ၍အဖွင့်အမှာစကားပြောကြားခဲ့သည်။""အဓိကပြောချင်တာက ရွေး ကောက်ပွဲမှာကျွန်တော်တို့ပါတီ အနိုင်လိုချင်ပါတယ်။

ဘာလို့ အနိုင်လိုချင်လဲဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့ နှစ် ခြောက်ဆယ် လောက်တည်းက ဖြစ်ခဲ့တဲ့အခြေအနေတွေကို ပြောင်းပြန်လှန်ဖို့ကျွန်တော်တို့ ရည်ရွယ်လို့ပါပ။ အဲဒါ ကြောင့်အစိုးရဖွဲ့ဖို့လိုပါတယ်။ဘာကြောင့်ဆို ပြုပြင် ပြောင်းလဲရေးကို ဆောင်ရွက်နိုင်စွမ်းရှိတဲ့အဖွဲ့ဖြစ်လို့ ပါ""ဟု ဦးဥာဏ်ဝင်း မှပြောပြသည်။

NLD ပါတီအနေဖြင့် ဗဟန်းမြို့နယ်မှကိုယ်စားလှယ်လောင်းများအဖြစ် ပြည်သူ့လွှတ်တော်တစ်ဦး၊ အမျိုး သားလွှတ်တော် တစ်ဦး ၊တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနှစ်နေရောအတွက် နှစ်ဦး စုစုပေါင်းလေးဦးပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

""ကျွန်တော်တို့ အဖွဲ့ချုပ်က မကြာခင်ထုတ်ဝေမယ့် ရွေးကောက်ပွဲကော်မရှင်ကြေညာစာတမ်းမှာပါတဲ့ အတိုင်း ကျွန်တော့်မြို့နယ် အကျိုးအတွက် တာဝန်ထမ်းသွားမှာပါ""ဟု ဗဟန်းမြို့နယ်မှNLD ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည့် ဦးထွန်းမြင့်မှပြော သည်။

ယင်းကိုယ်စားလှယ်လောင်းအနေဖြင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါ်ညိုညိုသင်းနှင့်ယှဉ်ပြိုင် ရမည်ဖြစ်သည်။

MWT
The Ladies News Journal

No comments:

Post a Comment

My Blog List