Wednesday, September 09, 2015

မိဘနှစ်ပါး နိုင်ငံသားမဖြစ်သူအား ရွေးကောက်ပွဲ ၀င်ခွင့်ပေးလိုက်ခြင်း အားဖြင့် တရားခံအဖြစ် မခံလိုကြောင်း ဦးတင်အေးပြော


သက်ဆိုင်ရာဝန်ကြီးဌာန စိစစ်တွေ့ရှိချက်အရ မိဘနှစ်ပါးနိုင်ငံသားမဖြစ်သည့်အတွက် ကိုယ်စားလှယ် လောင်း စာရင်းမှ ပယ်ထားသူအား ရွေးကောက်ပွဲ ၀င်ခွင့် ပေး လိုက်ခြင်း အားဖြင့် တရားခံအဖြစ် မခံလို ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦင်္းတင်အေးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စက်တင်ဘာ ၂ ရက်က ရန်ကုန်မြို့ ရွှေလီလမ်း ရှိ ရွေးကောက်ပွဲ ဆိုင်ရာ သတင်းအချက်အလက်ရုံးတွင်ကျင်းပသည့် မီဒီယာတွေ့ဆုံ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ မေးမြန်း ချက်အား ပြန်လည်ဖြေကြားခြင်းဟု သိရသည်။

လက်ရှိအချိန်တွင် ၂၀၁၀ ရွေးကောက်ပွဲကာလက ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက် ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သည့် ကိုယ်စားလှယ်လောင်းတစ်ဦးသည် တစ်သီးပုဂ္ဂလကိုယ်စားလှယ် အဖြစ် ပြန်လည်လျှောက်ထားရာတွင် သက်ဆိုင်ရာမြို့နယ် လ၀ကမှ ကန့်ကွက်သည့် အတွက် ကိုယ်စားလှယ် လောင်းစာရင်းမှ ပယ်ချခြင်းခံလိုက် ရပြီး ယခင်က မဲနိုင်အမတ်ဖြစ် ခဲ့ကာ ယခု ပါဝင်ခွင့်မရခြင်းအပေါ် မေးခွန်းထုတ်မေးမြန်းမှု အပေါ် ပြန်လည် ဖြေကြား ခြင်းဖြစ်ကြောင်း သိရသည်။

ဦးတင်အေးက “ကျွန်တော်က ဘာပြောရမလဲဆိုတော့ ဒါက ကော်မရှင်လုပ်ငန်း မဟုတ်ဘူး။ ကော်မရှင်လုပ် ငန်းဆိုရင် ဘာကြောင့်ဆိုတာ ပြောနိုင်တယ်။ ကော်မရှင်လုပ်ငန်း မဟုတ်တဲ့ အခါကျတော့ သူ့သက်ဆိုင်ရာ လ၀က နေပြီးတော့ သူဟာ မွေးဖွားစဉ်က မိဘနှစ်ပါး နိုင်ငံသားမဟုတ်ဘူးဆိုရင် ပယ်ကိုပယ်ရပါတယ်။ အဲ့ဒါကို သူကဟုတ်ကြောင်းကို သက်သေပြနိုင်ရမယ်။ သူတို့ချင်းက မဆုံးဖြတ်နိုင်သေး သမျှကတော့ ကျွန်တော်ကသွားပြီး သူ့ကိုလိုအပ်လို့ ပေးတယ်ပြောရင် ကျွန်တော် တရားခံဖြစ်သွားမှာပေါ့” ဟု ပြောသည်။

ယင်းအနေဖြင့် “ဥပဒေအရ မွေးဖွားစဉ် မိဘနှစ်ပါးက နိုင်ငံသားဖြစ်ရမယ် ဆိုသည့်အတွက် လက်ခံလိုက် ပါက ဘာကြောင့် လက်ခံလိုက်သနည်းဟု ပြောကြားလာနိုင်ကြောင်း ၎င်း အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လေးစားလိုက်နာရမည်ဖြစ်ကြောင်းဆိုသည်။

၂၀၁၀ ကာလအတွင်း ကိုယ်စားလှယ်အဖြစ် လျှောက်ထားခြင်းအား လ၀က ၊ ပြည်ထဲရေးနှင့် ရွေးကောက် ပွဲကော်မရှင်မှ ပူးပေါင်းစိစစ်ရာတွင်လည်း မိဘနှစ်ပါး နိုင်ငံသားမဖြစ်မှုအတွက် ကိုယ်စားလှယ်လောင်း စာရင်းမှ ပယ်လိုက်ရသူ ၃၇ ဦး ခန့် ရှိကြောင်း ထို့အထဲတွင်း ၃၀ ဦးမှာ အာဏာရပါတီမှ လျှောက်ထားသူ များနှင့် ဒုဝန်ကြီးဟောင်းများပင် ပါဝင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယင်းအပြင် ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်းရောက်ရှိနေသည့် အမတ် ၄ ဦး ကိုလည်း ခုံရုံးဖွဲ့ကာ မိဘနှစ်ပါး နိုင်ငံသားမဖြစ်သည့်အတွက် လွှတ်တော်ရောက်ပြီးမှ ပြန်လွှတ် လိုက်ရခြင်းများရှိကြောင်း ထိုစဉ်က အထောက်အထားခိုင်လုံစွာ မပြနိုင်သည့်အတွက် ဥပဒေ အရ မိဘနှစ်ပါး နိုင်ငံသားမဖြစ်သူများ လည်း ကျန်ခဲ့နိုင် ကြောင်း ယင်းက ဆက်လက်ပြောသည်။

စိုင်းဟန်
The Ladies News Journal


No comments:

Post a Comment

My Blog List