Friday, September 11, 2015

နိုင်ငံရေးပါတီများ မိမိတို့ထိန်းချုပ်နယ်မြေအတွင်း လွတ်လပ်စွာမဲဆွယ် စည်းရုံးခွင့် ရှိသော်လည်း လုံခြုံရေးအာမခံမည်မဟုတ်ကြောင်း TNLA ပြော


ယခုလထဲတွင် နိုင်ငံရေးပါတီများ၂ဝ၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေး သဏ္ဌာန် များ ပြုလုပ်ကြတော့မည် ဖြစ်သည့်အတွက် မိမိတို့ထိန်းချုပ်နယ် မြေအတွင်းသို့ လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့်ရှိသော်လည်း လုံခြုံရေး အာမခံပေးသွားမည်မဟုတ်ကြောင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) ကပြောသည်။

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည် ဖြစ်သည့်အတွက် နိုင်ငံရေးပါ တီများအနေဖြင့် စက်တင်ဘာ ၈ ရက် မှ နိုဝင်ဘာ ၆ ရက်အထိ မဲဆွယ်စည်း ရုံးနိုင်သည်ဟု ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေ ညာထားပြီး ဖြစ်သည်။

''ကျွန်တော်တို့ ထိန်းချုပ်နယ်မြေထဲမှာ နိုင်ငံရေးပါတီအားလုံး လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့် ပြု ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့လုံခြုံရေးကို တော့ ကျွန်တော်တို့ အာမ မခံပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နဲ့ အစိုးရတပ်မတော်ကြားမှာ ပြီးခဲ့တဲ့ လတွေမှာ တိုက်ပွဲတွေ မကြာခဏဖြစ် ပွားနေတဲ့ အတွက်ကြောင့်မို့ လို့ပါ။ ဒါကြောင့်မို့လို့ အခုလို ကျွန်တော်တို့ ပြောရခြင်းဖြစ်ပါတယ်''ဟု တအာင်း (TNLA) သတင်းနှင့် ပြန် ကြားရေး ဌာနမှူး ဗိုလ်ကြီးမိုင်းအိုက်ကျော်က ပြောသည်။

TNLA လက်နက်ကိုင်အဖွဲ့ သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို၊ ကျောက်မဲ၊ နမ့်ဆန်၊ သီပေါ၊ လား ရှိုး၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ မန်ဆန်၊ မန်းပန် စသည့်ဒေသများတွင် အခြေ ပြု လှုပ်ရှားလျက်ရှိသည်။

အဆိုပါမြို့နယ်ထဲမှ ကျောက်မဲ မဲဆန္ဒနယ်တွင် နိုင်ငံရေးပါတီငါး ပါ တီ၊ သီပေါမဲဆန္ဒနယ်၌ ငါးပါတီ၊ နောင် ချို မဲဆန္ဒနယ်မှာ ခုနစ်ပါတီ၊ နမ္မတူ မဲဆန္ဒနယ် ခုနစ်ပါတီ၊ နမ့်ဆန်မဲဆန္ဒ နယ်မှာ သုံးပါတီ၊ မန်တုံမဲဆန္ဒနယ် တွင် နှစ်ပါတီ၊ ကွတ်ခိုင်မဲဆန္ဒနယ်၌ ငါး ပါတီ စသည့်နိုင်ငံရေးပါတီများ အ သီးသီး ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး စက် တင်ဘာ ၈ ရက်မှစတင်၍ မဲဆွယ် စည်းရုံးရေး လုပ်ကြတော့မည် ဖြစ် ပါသည်။

‪#‎YangonTimesJournal‬

No comments:

Post a Comment

My Blog List