Saturday, September 12, 2015

စကာင်္ပူရွေးကောက်ပွဲ အာဏာရပါတီ အနိုင်ရ


သောကြာနေ့ကကျင်းပခဲ့တဲ့ စကာင်္ပူအထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ပြည်သူ့အက်ရှင်ပါတီ (PAP) က အမတ်နေရာ ၈၉နေရာ အတက် ၈၃နေရာကို အနိုင်ရခဲ့ပြီး ၁၉၆၅ လွတ်လပ်ရေးရပြီးနောက် ပိုင်း ရွေးကောက်ပွဲတိုင်းအနိုင်ရတဲ့ စံချိန်ကို ဆက်ထိန်း နိုင်ခဲ့ပါတယ်။

အဓိကအတိုက်အခံပါတီဖြစ်တဲ့ ဝေါကားစ်ပါတီက ပထမဆုံးအကြိမ်အဖြစ် မဲဆန္ဒနယ်အားလုံးမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပေမယ့် အမတ်နေရာ ၆နေရာသာ အနိုင်ရခဲ့ပါတယ်။ ဒါဟာ လက်ရှိလွှတ်တော်မှာ ဝေါကားစ် ပါတီရယူထားတဲ့ ၇နေရာထက် ၁နေရာလျော့နည်းပြီး ရရှိခဲ့တာပါ။ 

မဲစုစုပေါင်းရဲ့ ၇၀ရာခိုင်နှုန်းနီးပါးရရှိခဲ့တဲ့ အာဏာရပါတီ PAP ကတော့ ၂၀၁၁ရွေးကောက်ပွဲကထက် အနည်းငယ်တိုးတက်မှုရလာခဲ့တာ ဖြစ်ပြီး ၂၀၁၁ က သမိုင်းတလျှောက် မဲအရအနည်းဆုံးအဖြစ် ၆၀ ရာခိုင်နှုန်းသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အမတ်နေရာမှာလည်း ၂၀၁၁ က ၈၇နေရာအနက် ၈၀ သာ ရရှိခဲ့ပါတယ်။

ခြွင်းချက်အနည်းငယ်ကလွဲလို့ မဖြစ်မနေမဲပေးရမယ်လို့ သတ်မှတ်ထားတဲ့ စကာင်္ပူမှာ မဲပေးခွင့်ရှိသူ ၂.၄၆ သန်းအနက် ၉၃.၅၆ ရာခိုင်နှုန်း မဲလာပေးခဲ့ကြတယ်လို့ သိရပါတယ်။

PAP ပါတီထူထောင်သူ ကွယ်လွန်သူနိုင်ငံ့ခေါင်းဆောင်ကြီး လီကွမ်ယူရဲ့ အကြီးဆုံးသားဖြစ်တဲ့ လက်ရှိ ၀န်ကြီးချုပ် လီရှန်လွန်းကတော့ ရွေးကောက်ပွဲရလဒ်ကို ၀မ်းပန်းတသာကြိုဆိုခဲ့ပါတယ်။

` မနက်ဖြန်ဟာ ဒီနေ့ထက် ပိုကောင်းမွန်ပါလိမ့်မယ် ´ လို့ ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။

အခုလိုအာဏာရပါတီဆက်လက်အနိုင်ရတာဟာ လီကွမ်ယူ ကွယ်လွန်မှုနဲ့ ဆက်နွယ်နေဖွယ်ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ကြ ပါတယ်။

Ref: BBC
Kumudra

No comments:

Post a Comment

My Blog List