မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရှေရှည်ခံပြီး တည်ငြိမ်မှုရှိသည့် ငြိမ်းချမ်းရေး ကိုရရှိရန် လုပ်ဆောင်ကြရန် ပြောကြား လိုက်သည်။ တိုင်းရင်းသားအားလုံးသည် ငြိမ်းချမ်းရေးစာချုပ်တွင် ပါဝင်ခွင့် ရသင့်သည်ဟုလည်း သူမက ဆိုသည်။
ပထမအဆင့်ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားပွဲ အဖြစ် ဒေါ်အောင်ဆန်းစုကြည် သည် ကြာသပတေးနေ့ က ကယားပြည်နယ်ရှိ မဲဆန္ဒရှင်များနှင့် တွေ့ ဆုံ ခဲ့သည်။ ထိုဒေသသည် သြဇာကြီးသည့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ၀င်ရောက်အရွေးခံမည့် နယ်မြေလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ် မြို့ တော် လွိုင်ကော်တွင် မိန့် ခွန်းနှစ်ခုပြောမည်ဖြစ်ပြီး စနေနေ့အထိ ကယားပြည်နယ်မှာ မဲဆွယ်ခရီး ထွက်နေမည်ဖြစ်သည်။
“ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေကို ပံပိုးဖို့ လာတာပါ။ ကျွန်တော် တို့ က ပြိုင်ဘက်တွေထက် အားနည်းနေတဲ့ ပုံပေါက်နေတယ်လေ” ဟု အသက် ၅၆ နှစ်အရွယ် ကယားပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဝင် ဦးသောင်းဌေးက ပြောသည်။
လင်းလင်း
The Ladies News Journal

No comments:
Post a Comment