Friday, September 11, 2015

အနာဂတ်မျိုးဆက်သစ်အတွက်စဉ်းစားပြီး မဲပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


မြန်မာနိုင်ငံ၏ အနာဂတ်မျိုး ဆက်သစ်များအတွက် စဉ်းစားပြီး မဲ ပေးကြရန် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။ ''ကျွန်မတို့ရဲ့ အနာဂတ်၊ ကျွန်မတို့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် စဉ်းစားပြီး မဲပေးကြဖို့ ကျွန်မ တိုက်တွန်းလိုပါတယ်''ဟု လူမှုကွန် ရက်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် သူ၏မိန့်ခွန်းတွင် တိုက်တွန်းပြောဆို သွားသည်။

ယခုအချိန်တွင် အရေးကြီးဆုံး မှာ ပြည်သူလူထုအားလုံး ရွေးကောက် ပွဲနေ့တွင် မဲပေးခွင့်ရရှိရန်နှင့် မဲရုံသို့ သွား၍ မဲပေးရန်ဖြစ်ကြောင်း၊ မဲပေး ရာတွင်လည်း ရေရှည်ကိုကြည့်၍ အ ပြောင်းအလဲဖြစ်ပေါ်ရန် ဝိုင်းဝန်း ကူညီကြပါဟု တိုက်တွန်းထားသည်။

ဒီမိုကရေစီတိုက်ပွဲမှာ အချိန် ကြာမြင့်နေပြီဖြစ်ပြီး ပြည်သူများ၏ ထောက်ခံမှုဖြင့် ရရှိနိုင်မည်ဟု ယုံကြည် ကြောင်းလည်း မဲဆွယ်စည်းရုံးခွင့် စ တင်သည့် နေ့ဖြစ်သည့် စက်တင်ဘာ လ ၈ ရက်တွင် ထုတ်ပြန်သည့် သူမ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ''ဒီမို ကရေစီဆိုတာဟာ ပြည်သူရဲ့ဆုံးဖြတ်ချက်၊ ပြည်သူရဲ့ဆန္ဒကို အလေးထား ရတဲ့ စနစ်ပါပဲ။ ဒါကြောင့်မို့လို့ နောက်ဆုံးကျတော့ ပြည်သူကသာလျှင် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ဟာ စစ်မှန်တဲ့ ဖက် ဒရယ်ပြည်ထောင်စု ထူထောင်ဖို့အ တွက် ကြိုးစားခဲ့တာဟာဆိုရင် အနှစ် ၃ဝ နီးပါး ရှိပါပြီ။ အခုထိပန်းတိုင်ကို မရောက်သေးပါဘူး။ သို့သော်လဲ ပြည် သူရဲ့ ထောက်ခံမှုနဲ့ ပြည်သူရဲ့ဆန္ဒရဲ့ တွန်းအားနဲ့ ကျွန်မတို့ အောင်မြင်နိုင် မယ်ဆိုတာကို အဓိက ယုံကြည်ပါ တယ်''ဟု ဆို သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေး ကောက်ပွဲ အောင်နိုင်ရေးအတွက် ပ ထမဆုံး မဲဆွယ်စည်းရုံးမှု ခရီးစဉ်အ ဖြစ် ကယားပြည်နယ်သို့ စက်တင်ဘာ ၁ဝ ရက်တွင် သွားရောက်မည် ဖြစ် ကြောင်းသိရသည်။

#YangonTimesJournal

No comments:

Post a Comment

My Blog List