သတင်းမီဒီယာကောင်စီရွေးချယ်ခြင်း နှင့်ပတ်သက်၍ ဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှနှစ်ဦး ရွေးချယ်တင်မြှောက်ခံရမည့် ကောင်စီဝင်အရေအတွက်အချိုးအစား စာရင်းတွင် ထည့်သွင်းထားခြင်းမှာ ဥပဒေနှင့်လုံးဝမညီညွတ်ကြောင်း အပါအ၀င် သတင်းမီဒီယာ ကောင် စီရွေးချယ်ရေး နှင့်ပတ်သက်၍ Pen Myanmar ကကန့်ကွက်လိုက်သည်။
စက်တင်ဘာ ၇ ရက်တွင် Pen Myanmar သည်အချက် ၆ ချက်ပါ သဘော ထားထုတ်ပြန်ချက်တစ်ရပ် ကို ထုတ်ပြန်ပြီး ယခုကဲ့သို့ ကန့်ကွက်ခဲ့ခြင်းဖြစ် သည်။
သတင်းမီဒီယာ ကောင်စီရွေးကောက်ပွဲနှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့်ရွေးချယ်တင် မြှောက်ရေးအဖွဲ့တို့၏ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို စက်တင်ဘာ ၃ ရက်ကကျင်းပခဲ့ကြောင်း ထိုသတင်း စာရှင်းလင်းပွဲသည် သတင်းမီဒီယာသမားထံ သတင်းမီဒီယာကောင်စီ ရွေးကောက်ပွဲစည်း မျဉ်းစည်းကမ်းများကို အသိပေးရှင်းလင်းသည့် ပွဲတစ်ခုသာဖြစ်ပြီးသတင်း မီဒီယာသမားများ၏ သဘော ထားရယူခဲ့ခြင်း မဟုတ်ကြောင်း Pen Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်းမီဒီယာ နည်းဥပဒေ၊ အခန်း(၃)ကောင်စီဝင်ရွေးချယ်ခြင်း၊ အပိုဒ် ၁၀၊ အပိုဒ် ခွဲ(က)တွင်သတင်း မီဒီယာသမားများ၊ သတင်းအေဂျင်စီများ၊ ပုံနှိပ်သူများ၊ ထုတ်ဝေသူများနှင့် ဖြန့်ချိသူများ၊ စာရေးဆရာ များ၊ ကဗျာဆရာများ၊ ကာတွန်းရုပ်ပြဆရာများက သတ်မှတ်အချိုးအစားအလိုက် အဆိုပြုသည့် ကိုယ် စားလှယ်များ ၁၀ ဦးမှ ၂၂ ဦးဟု ကောင်စီဝင်ရွေး ချယ်ခြင်းနှင့်ပတ်သက်၍ဖော်ပြထားကြောင်းနှင့် သတင်းမီဒီယာကောင်စီ ရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် ယင်းဥပဒေပါ အချက်အလက်များကို လိုက်နာခြင်းမရှိဘဲ ဥပဒေတွင် ပြဋ္ဌာန်းမထားသည့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)မှ နှစ်ဦးကို ရွေးရမည့်ကောင်စီဝင်အရေအတွက် အချိုး အစားတွင် ထည့်သွင်းထားကြောင်းနှင့် ယင်းမှာ ဥပဒေနှင့် လုံးဝမညီညွတ် သည်ကို တွေ့ရကြောင်း Pen Myanmar က ကန့်ကွက်ထားသည်။
စက်တင်ဘာ ၅ ရက်ထုတ် The Voice Weekly ဂျာနယ်၏ အချပ်ပိုအဖြစ် ပါဝင်သော The Voice Saturday ၏ စာမျက်နှာ(၄) တွင် “သတင်းမီဒီယာ ကိုယ်စားလှယ်လောင်းအဖြစ် စာနယ်ဇင်းကောင်စီက သတင်းစာ ပညာဝါရင့် ပုဂ္ဂိုလ်နှစ်ဦးကိုအဆိုပြုမည်” ဟု ဖော်ပြထားပြီး စာနယ်ဇင်းကောင်စီ (ယာယီ)မှ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး နှင့်အငြင်းပွားမှုဖြေရှင်းရေး ကော်မတီတာဝန်ခံ ဦးဖေမြင့်တို့ကို အမည် စာရင်းတင်သွင်းမည်ဖြစ်ကြောင်း အဆိုပါစာနယ်ဇင်းကောင်စီ (ယာယီ) ၏အထွေထွေအတွင်းရေးမှူး ကိုကျော်မင်းဆွေ၏ ပြောကြားချက်ကို ဖော်ပြခဲ့သည်။
“စာနယ်ဇင်းကောင်စီ(ယာယီ) အနေနဲ့ ဒုတိယဥက္ကဋ္ဌဦးခင်မောင်လေး (ဖိုးသောကြာ)၊ ဦးဖေမြင့်တို့ကို သတင်းမီဒီယာကောင်စီမှာ ပါဝင်ဖို့ အမည်စာရင်းတင်သွင်းမယ်လို့သိရပါတယ်။ ဆရာဖိုးသောကြာနဲ့ ဦးဖေမြင့်တို့ အနေနဲ့ စာနယ်ဇင်းကောင်စီအနေနဲ့ တိုက်ရိုက် မပါဝင်ဘဲ သီးခြား ၀င်ရောက်ရွေးချယ်ခံမယ် ဆိုရင် သူတို့ရဲ့လုပ်ဆောင်ချက်တွေ၊ ရပ်တည်ချက်တွေကို သဘောကျလက်ခံရင် အရွေးခံရမှာပါ။ ကာ ယကံရှင် တွေအနေနဲ့ကတော့ ဒီကိစ္စကို ဘယ်လိုအကြောင်းပြန်မလဲ မသိဘူး။ ကျွန်တော်တို့အနေနဲ့ ကတော့ ဥပဒေနဲ့ မညီညွတ်ရင် လက်မခံသင့်ဘူးလို့ ထင်ပါတယ်”ဟု The Daily Eleven ၏ အယ်ဒီတာ ချုပ် ကိုဝေဖြိုးက ပြောကြားသည်။
Pen Myanmar ၏ ထုတ်ပြန်ချက်တွင် စာနယ်ဇင်းကောင်စီ (ယာယီ)နှင့်ရွေးချယ်တင်မြှောက်ရေးအဖွဲ့ တို့သည် သတင်းမီဒီယာကောင်စီဝင်ရွေးချယ်ရာတွင် သတင်းမီဒီယာသမားများ၏ သဘောဆန္ဒတောင်း ခံခြင်း၊ ပွင့်လင်းမြင်သာစွာ အသိပေးခြင်း၊ သတင်းမီဒီယာလုပ်ငန်းအသီးသီး၊သတင်း မီဒီယာအဖွဲ့အ စည်း အသီးသီးတို့အကြား ပွင့်လင်းမြင်သာမှုရှိစေခြင်းကို အခြေမခံဘဲ ကိုယ်စားလှယ်လောင်းများ အတွက် အရည်အချင်းသတ်မှတ် ချက်ကို ထုတ်ပြန် အသိပေးခဲ့ခြင်းမှာ ရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ ကောင်စီဝင်လောင်း အရည်အချင်းသတ်မှတ်ခြင်းလုပ်ငန်းသည် ပွင့်လင်းမြင် သာမှုမရှိကြောင်းလည်း ဖော်ပြထားသည်။
သတင်းမီဒီယာနည်းဥပဒေ၊ အခန်း(၃)၊ ကောင်စီဝင်ရွေးချယ်ခြင်း၊ အပိုဒ်၁၁-အပိုဒ်ခွဲ (က)တွင်နိုင်ငံတော် သမ္မတက အဆိုပြုသည့်ကိုယ်စားလှယ်တစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပြုသည့် ကိုယ်စားလှယ် တစ်ဦး နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပြု သည့်ကိုယ်စားလှယ်တစ်ဦးတို့မှအပ ကျန်ကိုယ်စား လှယ်လောင်းများကို သက်ဆိုင်ရာ အစုအဖွဲ့များမှ ရွေးချယ် နိုင်ရေးအတွက် အဖွဲ့နှင့်တိုင်ပင်ပြီးဝန်ကြီး ဌာနကလိုအပ်သော သတ်မှတ် ချက်များထုတ်ပြန်နိုင်သည် ဟု ဖော်ပြထားရာ ယင်းကဲ့သို့ဖော်ပြထား သောကြောင့် ကောင်စီဝင်ရွေးချယ်ရေး အဖွဲ့သည် ကောင်စီဝင်ရွေးချယ်ခြင်း ကိုလွတ်လပ်စွာ မလုပ်ကိုင် နိုင်ဘဲ ပြန်ကြားရေးဝန်ကြီးဌာန၏ သြဇာလွှမ်းမိုးမှုအောက်တွင်သာ ဆောင်ရွက်နေရသဖြင့် ပွင့်လင်းမြင် သာမှု မရှိနိုင်ကြောင်း Pen Myanmar က သုံးသပ်သည်ဟု ဖော်ပြထားသည်။
သတင်းမီဒီယာကောင်စီရွေးကောက်ပွဲနှင့်ပတ်သက်၍ ကိုယ်စားလှယ်လောင်းများအတွက် အရည်အချင်း သတ်မှတ်ချက်နှင့် ကောင်စီဝင်ရွေး ချယ်ရေးလုပ်ငန်းများသည် သတင်းမီဒီယာသမားများ၏ သဘော ဆန္ဒများ မပါဝင်ခြင်း၊ ဥပဒေပါ အချက်အလက်များကို မလိုက်နာခြင်း၊ သတင်းမီဒီယာ ဥပဒေပါ ပြဋ္ဌာန်း ချက်များသည် သတင်းမီဒီယာ သမားများကို အကာအကွယ်ပေးနိုင်မှု အားနည်းခြင်းနှင့် ကောင်စီဝင်ရွေး ချယ်တင်မြှောက်ရေးအဖွဲ့သည် ပွင့်လင်းမြင်သာစွာ မဆောင်ရွက်နိုင်သောကြောင့် ၂၀၁၅ ခုနှစ် စက်တင် ဘာ ၃ရက်တွင် စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် ရွေးချယ်တင်မြှောက်ရေးအဖွဲ့တို့ကထုတ် ပြန်လိုက် သည့် သတင်းမီဒီယာကောင်စီဝင် ကိုယ်စားလှယ် လောင်းများအတွက် အရည်အချင်းသတ်မှတ်ချက်ကို ဘဲ Pen Myanmar အနေဖြင့် ကန့်ကွက်ကြောင်း အချက် ၅ တွင် ဆက်လက်ဖော်ပြထားသည်။
ထို့အပြင် Pen Myanmar သည် လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်ကို ကာ ကွယ်သည်ဖြစ်သဖြင့် သတင်းမီဒီယာကောင်စီဝင်ရွေးကောက်တင်မြှောက်ခြင်း၊ သတင်းမီဒီယာကောင်စီဖွဲ့စည်းခြင်းတို့နှင့် ပတ်သက် ၍ စာနယ်ဇင်း ကောင်စီ(ယာယီ) နှင့် ရွေးချယ်တင်မြှောက်ရေးအဖွဲ့တို့၏ လုပ်ဆောင် ချက်များသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်သော မီဒီယာများဖွံ့ဖြိုးရေးအတွက် မည်သည့် အတိုင်းအတာအထိ အကာအကွယ် ပေးနိုင်သည်၊ဖော်ဆောင်နိုင်သည်ကို ဆက်လက် စောင့်ကြည့်မည် ဟု Pen Myanmar က ထုတ်ပြန်ခဲ့သည်။
သတင်းမီဒီယာကောင်စီရွေးကောက်ပွဲ နှင့် ပတ်သက်၍ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့်ရွေးချယ် တင်မြှောက်ရေးအဖွဲ့တို့၏ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၃ ရက်က ကျင်းပခဲ့ပြီး ထိုသတင်း စာရှင်း လင်းပွဲသည် သတင်း မီဒီယာသမားများထံ သတင်းမီဒီယာကောင်စီရွေး ကောက်ပွဲစည်းမျဉ်းစည်း ကမ်းများကို အသိပေးရှင်းလင်းသည့်ပွဲ တစ်ခုသာဖြစ်ပြီး သဘောထားဆန္ဒကို ရယူသည့်ပွဲမဟုတ် ကြောင်း Pen Myanmar ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
Eleven Media Group
No comments:
Post a Comment