Monday, September 07, 2015

ကိုရီးယားလှေမှောက် ၁၀ ဦးသေ၊ ၈ ဦးပျောက်


တောင်ကိုရီးယားပိုင် ငါးဖမ်းလှေတစ်စီး တိမ်းမှောက်ခဲ့ရာက အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၈ ယောက် ပျောက်ဆုံးနေပါတယ်။ Dolphin လို့နာမည်ရတဲ့ ငါးဖမ်းလှေဟာ စနေနေ့တုန်းက Chuja ကျွန်းအနားမှာ ပျောက်ကွယ်သွားတာဖြစ်ပြီး ပျက်စီးနေတဲ့လှေကို တနင်္ဂနွေနေ့မှ တွေ့ရှိကြတာ ဖြစ်ပါတယ်။

ပျက်စီးနေတဲ့ လှေကို ဖက်တွယ်ထားတဲ့ လူသုံးယောက်ကို ၁၀ နာရီအကြာလောက်မှာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံတင်ခဲ့ရပါတယ်။ လှေပေါ်မှာ လူပေါင်း ၂၁ ယောက် လိုက်ပါလာတာလို့ ယူဆရ ပါတယ်။

လူ ၁၀ ယောက် သေဆုံးပြီး ၈ ယောက် ပျောက်ဆုံးနေတဲ့အတွက် သင်္ဘောတွေ၊ ရဟတ်ယာဉ်တွေက ရှာဖွေမှုတွေ လုပ်နေကြပါတယ်။

အသက်ရှင် ကျန်ရစ်သူ တစ်ယောက်ရဲ့ ပြောပြချက်အရ အိပ်ပျော်နေတုန်း စက်အင်ဂျင် ရပ်တန့်သွားတာကို သိလိုက်ရပြီး အဲဒီနောက် ကပ္ပတိန်က အပြင်ကို ထွက်ကြဖို့ ပြောလာတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာပဲ ရေတွေ ဝင်လာပြီး လှေကတိမ်းမှောက်သွားသလို ရေစီးသန်မှုကြောင့် လူတွေလည်း ရေထဲ မျောပါကုန်တယ်လို့ ဆိုပါတယ်။

လှေရဲ့ ကပ္ပတိန် Kim Cheol-Soo က အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့သလို သူ့လက်ကို ဆွဲကိုင်ထားဖို့ ပြောဆိုပြီး ကယ်ဆယ်မှု လုပ်ခဲ့တယ်လို့လည်း ကယ်ဆယ်ခံရသူ တစ်ဦးက ပြောပါတယ်။

အဲဒီနောက် ကပ္ပတိန်က မကြာခင် သူတို့ကို လူတွေ လာရှာလိမ့်မယ်လို့ ဖြောင်းဖျပြောဆိုခဲ့ပေမယ့် သေဆုံး သူတွေထဲမှာ ကပ္ပတိန်လည်း ပါသွားတယ်လို့ ကယ်ဆယ်ခံရသူတစ်ဦးက ပြောပြခဲ့ပါတယ်။

AFP 
ABC

No comments:

Post a Comment

My Blog List