Thursday, September 10, 2015

'လုပ်ဆောင်မှုတွေကို အားရေ ကျနပ်တယ်ဆိုရင် ကျွန်တော့်ကိုမဲပေးပါ' ဟူသောစကားဖြင့် ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း စတင်မဲဆွယ်


ပြီးခဲ့သောလေးနှစ်တာကာလအတွင်း လုပ်ဆောင်ချက်များကို အားရ ကျေနပ်မှုရှိပါက မဲပေးကြရန် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ရှမ်းပြည်နယ်လားရှိုးမြို့တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် မဲဆွယ်စကားပြော ကြားလိုက်သည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲအ တွက် ပထမဦးဆုံးမဲဆွယ်ဟောပြောခွင့် စတင်ရရှိ သည့် စက်တင်ဘာ ၈ရက် တွင် ယင်းသို့ မဲဆွယ်ဟောပြောခဲ့ခြင်းဖြစ်သည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ကိုယ်စားလှယ်လောင်း သုံးဦးသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ အမှတ်(၄)ရပ်ကွက်တွင် မဲဆွယ်ဟောပြောခဲ့ခြင်းဖြစ်သည်။

''အနေအထားတစ်ခု တိုးတက်ရာတိုးတက်ကြောင်းကို ဆောင်ရွက်ပေး ရမှာပါ။ 
ပြီးခဲ့တဲ့လေးနှစ်ကျော်ကာလအတွင်းမှာလဲ တတ်နိုင်သလောက် လုပ် ပေးခဲ့တာတွေရှိပါတယ်။ အခုလဲ လုပ်ပေးဖို့ ရွေးကောက်တင်မြှောက်ခံရ တယ် ဆိုရင်တော့ တိုးတက်အောင်လုပ်ပေးဖို့ပါပဲ။ ကျွန်တော်တို့ လုပ် ဆောင်မှု တွေကို အားရတယ်၊ ကျေနပ်တယ်ဆိုရင် ကျွန်တော့်ကိုမဲပေးပါ''ဟု ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောဆိုခဲ့သည်။

ဒေါက်တာစိုင်းမောက်ခမ်းသည် လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေး ခံမည်ဖြစ်သည်။


No comments:

Post a Comment

My Blog List