တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဘယ်နှစ်ဖွဲ့ပါဝင်လက်မှတ် ရေးထိုး မလဲဆိုတဲ့အချက်ကလွဲလို့ အားလုံးအဆင်ပြေနေပြီဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံတဲ့ခါ အဖွဲ့အားလုံး ပါဝင်လာနိုင်ရေးအတွက် တင်ပြဆွေးနွေးမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။
မနက်ဖြန် နေပြည်တော်မှာ နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အပစ်အခတ်ရပ်စဲရေး အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ SD တို့ တွေ့ဆုံကြမယ့်ပွဲမှာ အဲဒီကိစ္စကို အဓိကထားဆွေးနွေးမှာဖြစ်တယ်လို့ SD အဖွဲ့ဝင် ကေအဲန်ယူခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
"ကျနော်တို့ တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေးစာချုပ်မှာက ပါဝင်လက်မှတ်ရေးထိုးမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အရေအတွက်ကလွဲပြီးတော့ ကျန်တဲ့အဆင့်တွေအကုန်လုံး နှစ်ဘက်က သဘောတူညီကြပြီဖြစ် တယ်၊ ကျန်တဲ့အချက်ဖြစ်တဲ့ အကုန်လုံးပါဝင်တဲ့အနေအထားတစ်ခုကို ကျနော်တို့ကဆွေးနွေးမှာဖို့"
အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းပါအချက်တွေ အားလုံးနီးပါးကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရတို့ သဘောတူထားခဲ့ကြပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ပါဝင်လာနိုင်ရေးအတွက်မှာ မပြေလည်နိုင် သေးပါဘူး။
နေပြည်တော် ဆွေးနွေးပွဲကိုတော့ အဆင့်မြှင့်ညှိနှိုင်းရေးအဖွဲ့ SD ခေါင်းဆောင်တွေဖြစ်တဲ့ ပဒိုနော်စီဖိုးရာစိန်၊ ဒေါက်တာ လဂျာနဲ့ ပူးဇင်ကျုံးတို့ အပါအဝင် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီးစောမူတူး စေးဖိုး၊ ကချင်လွတ် မြောက်ရေးအဖွဲ့ KIO ဒုတိယဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ၊ ကရင်နီအမျိုးသားတိုးတက် ရေးပါတီ KNPP ဥက္ကဌ အေဘယ်လ်တွီ၊ မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ထောမွန်နဲ့ ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP နာယက ဒုဗိုလ် ချူပ်ကြီး ဆေထင်တို့ က ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဒါ့အပြင် မနက်ဖြန် ဆွေးနွေးမယ်ပွဲမှာ အရင်ကကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ပါဝင်ဆွေးနွေး မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အစ္စရေးနိုင်ငံကို ရောက်ရှိနေတဲ့အတွက် မသေချာသေးကြောင်းလည်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
RFA Burmese
No comments:
Post a Comment