Wednesday, September 09, 2015

စက္ကူဖြင့်လုပ်သည့်ဆန်တု တရုတ်တွင် တွေ့ရှိ


စက္ကူတွေနဲ့ ပြုလုပ်ထားတဲ့ ဆန်တုတွေကို တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည် နယ်မှာ ခုသီတင်းပတ် အစောပိုင်း က တွေ့ရှိခဲ့တယ်လို့ ရှန်ဟိုင်းရစ် (Shanghaiist) သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ချီအမည်ရ အဲဒီအမျိုး သမီးဟာ နေ့လယ်စာ စားချိန်မှာ ထမင်းဟာ သာမန်နဲ့ မတူဘဲ အနည်းငယ်မာနေတာကို စပြီး သတိပြုမိ ခဲ့တာ ဖြစ်ပါတယ်။

ချီနဲ့ သူ့မိသားစုဟာ အစက သတိမထားမိခဲ့ဘဲ အနည်းငယ်ကြာတဲ့အချိန်မှာ သူကိုက်ဝါးလိုက်တဲ့ ထမင်း ဟာ သာမန်နဲ့မတူဘဲ မာနေတာကို သိခဲ့တာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

သူက ပါးစပ်ထဲကထုတ်ပြီး စစ်ဆေးကြည့်လိုက်ချိန်မှာ စက္ကူစအလိပ်တွေ ဖြစ်နေခဲ့တာလို့ အက်ပဲလ်ဒေးလီး သတင်းကို ပြောပါတယ်။

အဲဒီဆန်တွေကို ပိုးသတ်ဆေးမသုံးဘဲ ဒေသတွင်းမှာ သမားရိုးကျ စိုက်ပျိုး ထားတာဖြစ်တယ်လို့ ပြောပြီး ရောင်းခဲ့တဲ့ လမ်းဘေး ခေါင်းရွက်ဈေးသည် တယောက်ဆီက ၀ယ်ခဲ့တာဖြစ်တယ်လို့ ချီက ဒေသခံ တာဝန် ရှိ ရဲတွေကို ပြောပါတယ်။

ဒီနှစ်အစောပိုင်းတုန်းကလည်း တရုတ်နိုင်ငံ ဈေးကွက်ထဲမှာ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ဆန်တုတွေကို ရောင်းချနေတာ တွေ့ရှိခဲ့ရတယ်လို့ အစီရင်ခံစာ တွေက ဆိုပါတယ်။

Oryza.com ရဲ့ အဆိုအရ ပလတ်စတစ်ဆန်တုတွေကို ချက်လိုက်တဲ့အခါ မကျက်ဘဲ ကျန်ရှိနေတတ်ပြီး ဆန်ပြုတ်လုပ်ရင်တော့ အနံ့က ပလတ်စတစ် အနံ့ ထွက်နေပြီး ပလတ်စတစ်လိုပဲ မီးစွဲနိုင်တယ်လို့ ပြောပါ တယ်။

DVB

No comments:

Post a Comment

My Blog List