Friday, September 11, 2015

ဧရာဝတီမြစ်ရေ ပြန်တက်လာသဖြင့် စပါးစိုက်ခင်းအချို့ နှစ်ခါပြန်ရေမြုပ်


ပြီးခဲ့သည့် ရေကြီးကာ လရေနစ်မြုပ်ခဲ့သော လယ်ယာ မြေများကို ကိုယ့်စရိတ်ဖြင့် ကိုယ်ပြန်လည်  စိုက်ပျိုး ခဲ့ပြီး  ယခုသုံးလေးရက်အတွင်း မြစ်ရေပြန် တက်လာခြင်းကြောင့် စပါးခင်းအချို့ နှစ်ခါ ပြန်ရေမြုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

‘‘ပြန်စိုက်တာ လေးရက်ရှိ သေးတယ်။ အခု မြစ်ရေပြန်တက် လာတော့ နစ်ကုန်ပြန်ပြီ။ ရက် ကြာကြာ မြုပ်ရင်တော့ ပြုတ်ပြီ’’ ဟု အင်းပေါက်ကျေး ရွာမှ စပါး စိုက်တောင်သူ တစ်ဦးက ပြောကြားသည်။

ပျိုးနုတ်ပြန်လည်စိုက်ပျိုးပြီး အမြစ်မခိုင်သေးမီ ရေနစ်သော ကြောင့် စပါး ရင့်များကဲ့သို့ ရက် ကြာကြာ ရေမြုပ်ဒဏ်ခံနိုင်မည်မ ထင်ကြောင်းလည်း ၎င်းက ဆို သည်။

ယခုရက်ပိုင်းအတွင်း ဧရာဝ တီမြစ်ရေပြန်လည်မြင့်တက်လာ မှုကြောင့် အောင်လံမြို့နယ်အတွင်း ရန်ကုန်-ပြည် ကားလမ်းမကြီး အနောက်ဘက်ခြမ်း အင်း ပေါက်၊ သံရွာ၊ အင်းကုန်း စသည့် မြစ်ရေတင်လယ်အချို့ နှင့် ပြလို့၊ ပြင်းပေါက်ကြားစိုက်ပျိုးပြီး လယ် အချို့ ရေပြန်လည် နစ်မြုပ်ခြင်း ဖြစ်သည်။

ဇေယျကံမလေး၊ သရက် တောစသည့်ကျေးရွာများရှိ စိုက်ပျိုးပြီး လယ်များ မှာ မြစ်ရေဝင် ပေါက်ဖြစ်သော သရက်တောရွာအနီး တာပေါင်ကို ပြီးခဲ့သည့် ရက်များက သက်ဆိုင်ရာက မြှင့်တင်ပေးခဲ့သောကြောင့် မြစ်ရေဝင်ရောက် ခြင်းမရှိသေးကြောင်း ဒေ သခံ ကိုစိုးထက်အောင်က ပြော ကြားသည်။

ဒုတိယအကြိမ် ဧရာဝတီမြစ် ရေမြင့်တက်လာမှုကြောင့် အောင်လံမြို့ပေါ် ရပ်ကွက်များရှိ ကမ်း နားတန်း အနိမ့်ပိုင်း နေအိမ်အချို့ ရေဝင်ရောက်နေပြီး ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းသူများ ရှိနေသည်။

7Day News Journal

No comments:

Post a Comment

My Blog List