Wednesday, September 09, 2015

သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်အဖြစ် ဦးအောင်လှထွန်းကို သူရဦးရွှေမန်း အဆိုပြု


အသစ်ရွေးချယ်တင်မြှောက်ဖွဲ့စည်းဖို့ရှိနေတဲ့  သတင်းမီဒီယာကောင်စီမှာ အဖွဲ့ဝင်အဖြစ် မြန်မာ နိုင်ငံနိုင်ငံ ခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌ  ဦးအောင်လှထွန်းကို  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပြု လိုက်ပါတယ်။

အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်တဲ့ သတင်းမီဒီယာဥပဒေအရ “သတင်းမီဒီယာကောင်စီ” မှာ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌအနေနဲ့ အဖွဲ့ဝင်တစ်ဦးကို  အဆိုပြု ပေးရမှာဖြစ်လို့  ဦးအောင်လှထွန်းကို အဆိုပြုတဲ့အကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကို စက်တင်ဘာ ၈ ရက်နေ့မှာ  အမည်စာရင်း ပေးပို့ခဲ့တယ်လို့ သူရဦးရွှေမန်းက သူ့ရဲ့ လူမှုကွန်ရက်မှာ  ရေးသားထားပါ တယ်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို သတင်းမီဒီယာကောင်စီ အဖြစ် အဖွဲ့ဝင် ၂၉ ဦးနဲ့  ရွေးကောက် ပွဲမတိုင်ခင် ပြင်ဆင်ဖွဲ့စည်းမယ်လို့ ကောင်စီရွေးချယ်တင်မြှောက်ရေးအဖွဲ့က စက်တင်ဘာ ၃ ရက်နေ့က ရန်ကုန်မှာ သတင်းစာရှင်းလင်းပြောကြားထားပြီးဖြစ်ပါတယ်။

ကောင်စီဝင် ၂၉ ဦးကို သတင်းသမား ၁၄ ဦး၊ သမ္မတရုံးနဲ့ လွှတ်တော်နှစ်ရပ် က ၃ ဦး၊ ရှေ့နေ၊ တတ်သိ ပညာရှင်နဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်း ဆရာတွေအုပ်စုက ၁၂ ဦးနဲ့ ရွေးချယ် ဖွဲ့စည်းဖို့ စီစဉ်နေ တာဖြစ်ပါတယ်။

မြန်မာကလောင်ရှင်များအဖွဲ့ PEN Myanmar ကတော့ သတင်းမီဒီယာ ကောင်စီရွေးချယ်တာနဲ့ ပတ်သက် တဲ့ စာနယ်ဇင်းကောင်စီရွေးချယ်တင် မြောက်ရေးအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ သတင်းမီဒီယာသမား တွေရဲ့ သဘောထားဆန္ဒကို ရယူခဲ့ခြင်း မရှိဘူးဆိုပြီး ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာထားပါတယ်။

DVB

No comments:

Post a Comment

My Blog List