Friday, September 11, 2015

အိုင်အက်စ်တို့ ဖမ်းဆီးထားသော ဓားစာခံအတွက် ရွေးကြေးပေးမည် မဟုတ်ဟု နော်ဝေပြောကြား


ဇန်န၀ါရီလကတည်းက ဆီးရီးယားတွင် ဓားစာခံအဖြစ် အဖမ်းဆီးခံထားခဲ့ရ သည့် နော်ဝေနိုင်ငံသား အမျိုးသားတစ် ယောက်မှာ အိုင်အက်စ်အကြမ်းဖက် သမားများ၏ လက်ထဲတွင်ရှိနေဆဲဟု ယုံကြည်ရကြောင်းနှင့် ပြန်လွှတ်ပေး ရန် အတွက် အိုင်အက်စ်တို့၏ ရွေးကြေးတောင်းဆိုမှုကိုလည်း အလျှော့ပေး သွားမည်မဟုတ်ကြောင်း ၀န်ကြီးချုပ် အာနာ ဆိုးဘာ့က စက်တင်ဘာ ၉ရက်နေ့တွင် ပြောကြားခဲ့သည်။
ကျမတို့ရဲ့ ရည်မှန်းချက်က ကျမတို့နိုင်ငံသား အိမ်ပြန်ရောက်လာဖို့ပါ။ ဒါက တော်တော်စိတ်ရှည်ရတဲ့ ကိစ္စပါပဲဟု သူမက သတင်းစာရှင်းလင်းပွဲတစ်ခု တွင် ပြောကြားခဲ့သည်။

သူမက ဓားစာခံ၏ အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ထိုသူမှာ အသက်၄၀တွင်းရှိပြီဖြစ်ပြီး ပထမဆုံး အဖမ်းခံရစဉ်ကတည်းက အုပ်စုနှစ်စုသုံးစုလက်သို့ ပြောင်းခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစိုးရက ဒီကိစ္စကို အလေးအနက်ထားပါတယ်။ အကြမ်းဖက်သမားတွေ၊ ရာဇ၀တ်ကောင်တွေရဲ့ ဖိအားကို အညံ့ခံ သွားမှာမဟုတ်ဘူး။ နော်ဝေက ရွေးကြေးပေးမှာမဟုတ်ဘူး။ ယုတ်မာရိုင်းစိုင်းတဲ့ အကြမ်းဖက်သမားတွေနဲ့ ရင်ဆိုင်ရာမှာ အလျှော့မပေးနိုင်တာ ကျမတို့ရဲ့ မူပါဟု သူမက ပြောကြားခဲ့သည်။  

အကယ်ရ်ျ ရွေးကြေးပေးလိုက်ပါက အခြားနော်ဝေနိုင်ငံသားများ ထပ်မံပြန် ပေးဆွဲခံရနိုင်သည့် အန္တရာယ်ရှိသည်ဟု လည်း သူမက ပြောကြားခဲ့သည်။

အိုင်အက်စ်တို့၏ အွန်လိုင်းမဂဇင်း Dabiq ပိုင်ဝဘ်ဆိုက်တစ်ခုတွင် ၄င်းတို့က နော်ဝေနိုင်ငံသားနှင့် တရုတ်နိုင်ငံသားဟု ပြောသည့် လူ၂ယောက်၏ ပုံများ ကို တင်ထားရာ နှစ်ယောက်စလုံးကို ၄င်းတို့၏ အစိုးရများက လျစ်လျူရှု ထားသည်ဟု ပြောကြားထားပြီး ရွေးကြေးပေးပါက ဓားစာခံနှစ်ယောက်ကို ပြန်လွှတ်ပေးနိုင်သည်ဟုလည်း တောင်းဆိုထားသည်။

Mizzima - News in Burmese


No comments:

Post a Comment

My Blog List