Wednesday, September 09, 2015

အသေအပျောက် ပိုများလာသော နေပြည်တော်အမြန်လမ်းတွင်နတ်စင်တစ်ရာ ဆရာတော်ကြီးမှူး၍ အကျွတ်အလွတ်ပွဲ ပြုလုပ်မည်


ယခု တလောယာဉ်တိမ်းမှောက်၍ အသေအပျောက် ပိုများလာမှုများကြောင့် လာမည့်စက်တင်ဘာ ၁ဝရက်၊ ကြာသပတေးနေ့တွင် နတ်စင်တစ်ရာ ဆရာတော် ဘဒ္ဒန္တအရှင်ပညာတေဇ ဦးဆောင်ပြီး အန္တရာယ်ကင်း ပရိတ် တော်များရွတ်ဖတ်၍ အမျှပေးဝေ ကာ အကျွတ်အလွတ်ပွဲပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

အစီအစဉ်အရ ယင်းနေ့ညနေ ၄နာရီတွင် သန်လျင်မြို့ ဒေဝဒဟ သဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာကျောင်း တိုက်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး နတ်စင်တစ်ရာ ဆရာတော် ဦးဆောင် မည့် ပင့်သံဃာ ၄၅ ပါး လိုက်ပါမည့် ယာဉ်တန်း၊ မိစ္ဆာခေါ်မည့်ဗျောအဖွဲ့ ဆိုင်းဝိုင်း၊ မကျွတ်မလွတ်သေးသော နာနာ ဘာဝ၊ ဝိနာဘာဝများတင် ဆောင်မည့် ယာဉ်နှစ်စီးတို့ပါဝင်မည်ဟု သိရသည်။

''ထူးခြားမှုတွေကတော့ အများ ကြီးပါပဲ။ ဒုတိယတစ်ခေါက်တုန်းက အဲဒီလမ်းပေါ်မှာ သရဲ၊ တစ္ဆေတွေ ရှိတယ်၊ မရှိဘူး ငြင်းခုံနေကြတာနဲ့ ဘုန်းဘုန်းက သဲကားတစ်စီးမှာပြီး ညီညာပြန့်ပြူးအောင် ခင်းထား လိုက်တယ်။ လူတွေဘယ်သူမှ မဝင် နိုင်အောင် စောင့်ကြည့်ထားခိုင်းတယ်။ ဘယ်သူမှ မတက်ဘဲနဲ့ အဲဒီအပေါ် မှာခြေရာတွေထင်လာခဲ့တယ်။ သူတို့ကို ဒံပေါက်တွေ၊ သောက်ရေတွေ ခုံပေါ်မှာတင်ပြီး ဒါနပြုကျွေးမွေး တော့ လဲ သောက်ရေတွေဒံပေါက်တွေ ကြည့်နေရင်းနဲ့လေထဲ မှာ မြောက်တက်နေတာ တွေ့ရတယ်။ ဒကာတစ်ယောက် ဓာတ်ပုံရိုက်တော့ ဘုန်းကြီးနောက်ကျောဘက်မှာ ဆံပင် ဖားလျားနဲ့ အမျိုးသမီးတစ်ယောက် ပုံပေါ်လာတယ်ပြောတယ်။ နောက်တစ်ခါ ကျောင်းကိုခေါ် လာဖို့၊ သူတို့ကိုကားပေါ် တက်ဖို့ဘုန်း ဘုန်းမေတ္တာရပ်ခံတဲ့အခါ ယာဉ်မောင်း က လွဲပြီးလူမရှိတဲ့ကားဟာလေးတွေ ညွှတ်ပြီး ကားဘီး ပါပြားတဲ့အထိဖြစ် သွားခဲ့တယ်'' ဟု နတ်စင်တစ်ရာ ဆရာတော် ဘဒ္ဒန္တအရှင်ပညာတေဇက မိန့်ကြားသည်။ 

ယခုတစ်ခေါက်တွင်မူ မကျွတ်မလွတ်သေးသူများ ကျွတ် လွတ်စေရန်အလို့ငှာ နေပြည်တော် အမြန်လမ်းတွင် ဆရာတော်၊ သံဃာတော်ကြီးများက ကမ္မဝါညှပ်ခြင်း။ ပရိတ်တော်များ ရွတ်ဖတ်ခြင်းများ ကိုပြုလုပ်သွားမည် ဟု ဆရာတော်က ဆက်လက်မိန့်သည်။

ယခုအခါ နတ်စင်တစ်ရာ ဆရာ တော်သည်မြန်မာပြည်တစ်ဝန်း ရာသီ ဥတုဘေးဒဏ်၊ ကပ်ကြီးသုံးပါး သဘာဝအန္တရာယ်နှင့် ဥပစ္ဆေဒက ကံများမှကင်းဝေးစေရန် ရည်သန်လျက် ပွင့်တော်မူပြီးသော ဘုရား လေး ဆူကြေးဆင်းတုတော်များ နှင့်တကွ သမုဒ္ဒရာလေးစင်းတွင် စံပယ် တော် မူလျက်ရှိသည့် ရှင်ဥပဂုတ္တ၊ ရှင်သာရဒတ္ထ၊ ရှင်သက္ကောသာရ၊ ရှင်မေဓရတို့၏ ပုံတော်လေးဆူတို့ ကို ဖောင်တော်မင်္ဂလာ ပြုလုပ်ကာ အသံမစဲပဋ္ဌာန်းတော် များအား ငါး ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ပြီး မှော်ဝန်းမြစ်ကမ်းပါးမှ ပင်လယ်ဝ အထိပင့်ဆောင်ပူဇော်၍ ရေမျှော မည်ဟု သိရသည်။

Democracytoday

No comments:

Post a Comment

My Blog List