Friday, September 11, 2015

ဘန်ကောက်ဗုံးခွဲမှု ကြိုးကိုင်သူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးနိုင်ဟု ထိုင်းရဲတပ်ဖွဲပြော


ဘန်ကောက်ဗုံးခွဲမှု နောက်ကွယ်မှ ကြိုးကိုင်သူဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားပြီဟု ယုံကြည် တဲ့ အတွက် နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပိုလ်)ကို အကူအညီတောင်းကာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ ထံမေး မြန်းထား ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောဆိုချက်ကို ကိုးကား၍ Bangkok Post သတင်းက ဆိုပါတယ်။

နောက်ကွယ်က ကြိုးကိုင်သူမှာ အစ်ရှ်ဟန် (Ishan)လို့ လူသိများတဲ့ အဗ္ဗဒူရာ ဟီမန် ဆိုသူက ဦးဆောင် တာလို့ ယုံကြည်ရပြီး၊၎င်းက Facbook မှတဆင့် ထိုင်းအစိုးရက ၀ိဂါများအား တရုတ်နိုင်ငံသို့ ပြန်ပို့မှုနှင့် ပတ်သက်၍ ဗီဒီယိုကလစ်တခုကို တခြားသူများထံ ပေးပို့ခဲ့တာကို စစ်ဆေး တွေ့ရှိရပြီး၊ ယခုအခါ အစ်ရှ်ဟန် မှာ ထိုင်းနိုင်ငံမှ ထွက်ပြေးလွတ်မြောက်သွားပြီဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ လက်ထောက် အကြီးအကဲ Chakthip Chaijinda ကဆိုပါတယ်။

ဗုံးဖောက်ခွဲမှုကို ပြည်ပနေသူများ၏ အထောက်အပံဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းမှ ယူဆုဖု မိုင်ရိုင် လီနှင့် အဒမ် ကရာဒက်ဂ်ျ၊  ဘိုင်လယ် မိုဟာမက်၊ ဆာထောင်းလှေဆိပ်တွင် ဗုံးပစ်ချခဲ့သူနှင့် ဧရာဝဏ်နတ်ကွန်း ဗုံးဖောက်ခွဲမှု သံသယရှိသူ အ၀ါရောင် တီရှပ်ဝတ်ဆင်ထားသူတို့သည်သာ အဓိက တရားခံများအဖြစ်တွေ့ရပြီး၊ တခြားသံသယရှိသူများမှာ ပြည်ပတွင် နေထိုင်နေကာ ငွေပေး၍ ဖောက်ခွဲမှုကို လုပ်ဆောင်စေခဲ့တာလို့လည်း ဆိုပါတယ်။

ကမ္ဘောဒီးယား နယ်စပ်တွင် ဖမ်းမိသူ မိုင်ရိုင်လီက  အစ်ရှ်ဟန်ဟာ ဗုံးခွဲရာတွင် ပါဝင်သူများကို ခေါ်ယူကာ အစည်းအဝေးလုပ်ခဲ့ပြီး တာဝန်များပေးအပ်ခဲ့တယ်လို့ ၀န်ခံသွားကြောင်း စုံစမ်းစစ်ဆေးသူများက ဆိုပါတယ်။

ထို့အတွက် အစ်ရှ်ဟန်နှင့် ပတ်သက်သည့် အချက်အလက်များကို အင်တာပိုလ်သို့ ပေးအပ်ထားတယ်လို့  ထိုင်းရဲတပ်ဖွဲ့ ပြောခွင့် Prawut Thavornsiri က ပြောပါတယ်။

ဒါအပြင် ဘန်ကောက်ဗုံးကွဲမှုတွင် လက်သည်တရားခံအဖြစ်  အနည်းဆုံး ၁၀ဦးထက်မနဲ ပါဝင်ပတ်သက်နေ တယ်လို့လည်း အဆိုပါ ပြောခွင့်ရသူက ဆက်ပြောတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ယခုအခါ အစ်ရှ်ဟန်သည် ထိုင်းနိုင်ငံမှ ထွက်ပြေးလွတ်မြောက်သွားပြီဟု ယုံကြည်ရပြီး၊ ပြည်ပနိုင်ငံတခုမှ ငွေပေး ၍ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List