ဖွဲ့စည်းပုံပြင်ရေး၊လွှတ်တော်မှတပ်မတော်သား ၂၅ရာခိုင်နှုန်းထွက်သွားရေးတို့အတွက် ဇွန်လကုန်ပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့သော ကျောင်းသားများအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားရုံးတွင် ရုံးထုတ် စစ်ဆေးလျက် ရှိကာ စက်တင်ဘာ၈ရက် က ပန်းဘဲတန်းတရားရုံး၌ တက္ကသိုလ်စာမေးပွဲဖြေဆို ခွင့်လျှောက်ထားရာ ဖြေဆို ခွင့်ပြုခဲ့သည်။
တကသ ကျောင်းသားခေါင်းဆောင်များအနေဖြင့် ယခုနှစ်တက္ကသိုလ် စာမေးပွဲကို အင်းစိန်ထောင်အတွင်း ၌ဖြေဆိုမည်ဖြစ်သည်။""စာမေးပွဲကို သက်ဆိုင်ရာ တက္ကသိုလ်က လာရောက်စစ်ဆေးတဲ့အခါ စစ်ဆေးတဲ့ ရက် တွေကို ကျွန်တော်တို့ဘက်ကရုံးချိန်းမခေါ်ပါဘူး။ဒါကျွန်တော်တို့လုပ်ပေးလို့ ရတဲ့အပိုင်းကနေ လုပ်ပေး တာပါ""ဟု ပန်းဘဲတန်းမြို့နယ်တရားသူကြီးမှ ရုံးချိန်းစစ်ဆေးနေစဉ် ထည့်သွင်းပြောကြားခဲ့သည်။
တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုဇေယျာလွင်သည် စီးပွားရေးတက္ကသိုလ် ရွာသာကြီး၌ တတိယ နှစ်တက်ရောက်နေသူဖြစ်ပြီး ဒုဌက္ကဥ ကိုပိုင်ရဲသူမှာ ဒဂုံတက္ကသိုလ်၌ သင်္ချာမေဂျာ တတိယနှစ်တက်ရောက် နေ သူဖြစ်သည်။၎င်းတို့နှစ်ဦးသည် ၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ယရန်ကုန်တိုင်းဒေသကြီး ပန်းဘဲ တန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ် တို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်မှ တပ်မတော်သား ၂၅% ထွက်ခွာပေးရေးဆန္ဒထုတ်ဖော်မှုကြောင့် ဇူလိုင်လဆန်းပိုင်းတွင် နှစ်ဦးစလုံးဖမ်းဆီး ခံခဲ့ရပြီးပုဒ်မ ၅၀၅ ခ ဖြင့်တရားစွဲဆိုခံနေရခြင်းဖြစ် သည်။
၎င်းတို့နှစ်ဦးအား ယနေ့ပန်းဘဲတန်းမြို့နယ်တရားရုံးမှ ခြောက်ကြိမ်မြောက် အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၈ရက်တွင်တွင်လိုပြသက်သေ များအား စစ်ဆေးခဲ့သည်။ယင်းနေ့ရုံးချိန်းသို့ နိုင်ငံရေးအင်အား စုများမှ Failed Law စာတန်းပါအကျိင်္များဝတ်ဆင်၍ လာရောက်အားပေးခဲ့ကြ သည်။
Mwt
The Ladies News Journal
No comments:
Post a Comment