Monday, September 07, 2015

အလျင်စလို အပစ်ရပ်သဘောတူတာ မလုပ်ဖို့ ဒေါ်စုတိုက်တွန်း


မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကိစ္စမှာ တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ အလျင်စလိုသဘောတူ လက်မှတ် ထိုးတာမျိုး မလုပ်ပဲ ရေရှည်အထိ မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းရေးတွေ တည်ငြိမ်ရေးတွေပေးမယ့် သဘောတူ ညီမှုမျိုးကို ပြုလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ရောက်ရှိနေတုန်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုတိုက်တွန်းလိုက် တာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးမှုလုပ်ဖို့ ရှိနေတုန်းမှာပဲ ဒေါ်အောင် ဆန်းစုကြည်က ပြောခဲ့တာပါ။

သမ္မတနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက နေပြည်တော်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း အပေါ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နှစ်နှစ် နီးပါးကြာ အပစ်အခတ်ရပ်စဲရေးအတွက်ကြိုးစားလာပြီးနောက် အပစ်ရပ်ရေးမူကြမ်းအပေါ် သဘော တူညီမှု ရခဲ့ပေမယ့် အဲဒီအထဲက အချက်တချို့ကို ပြင်ဆင်ဖို့နဲ့ လက်နက်ကိုင် အဖွဲ့အားလုံးကို လက်မှတ်ထိုး ခွင့်ပေးမှသာ အပစ်ရပ်ရေးမှာ လက်မှတ်ရေးထိုးမယ်လို့ တိုင်းရင်းသားဘက်က ပြောနေပါတယ်။

အခုလောလောဆယ် အချိန်အထိ အစိုးရဘက်က အားလုံးကို လက်မှတ်ရေး ထိုးခွင့် မပေးထားတာကြောင့် လက်မှတ်ထိုးနိုင်မယ့် အနေအထား မရှိသေး ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

ဟိုပုန်းနဲ့ ဆီဆိုင်မြို့ ဒေသခံတွေ တက်ရောက်တဲ့ ဟောပြောပွဲမှာ ဒေါ်အောင် ဆန်းစုကြည်က ဒီနေ့ လက် မှတ်ရေးထိုးပြီး မနက်ဖြန်မှာ ပြန်လည် ပစ်ခတ်ကြ မယ့် အပစ်အခတ် ရပ်စဲရေးမျိုး မဖြစ်အောင် လုပ်ဆောင် ဖို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းလိုက်ပါတယ်။

ABC

No comments:

Post a Comment

My Blog List